အခန်း(၇)

501 28 2
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၇)

🐚🍃🐚🍃

နေ့တိုင်းဖြူသင်ရတဲ့သင်ခန်းစာတွေကတစ်နေ့နဲ့တစ်နေ့မတူပင်..
ဒီနေ့ကတော့မနက်ငါးနာရီကတည်းကထားပြီးစံအိမ်ရဲ့မြေအောက်ထပ်မှာဒေါက်ဖိနပ်စီးတာလေ့ကျင့်နေရသည်

မမဆူးမှာဖိနပ်မျိူးစုံအရံ၆၀ကျော်ရှိသည် ဒေါက်မပါတာတွေကခပ်ရှားရှာပင်...
ဖိနပ်sizeကအစဖြူနဲ့တူနေသော်လည်းသူ့ဖိနပ်တွေကခက်ခက်ခဲခဲစီးရတာတွေချည်းပင်...

" ဒေါက်ချွန်ဖိနပ်တွေများလိုက်တာနော်.."

" မမလေးကဒေါက်ချွန်ဖိနပ်ကိုစီးနိုင်တဲ့နေရာမှာချန်ပီယံပဲ...ပြေးရမလားမြန်မြန်လျှောက်ရမလား ဘယ်လိုpositionနဲ့ဖြစ်ဖြစ်စီးနိုင်တယ် လေယာဉ်ပေါ်မှာတောင်ဒေါက်ချွန်နဲ့လမ်းလျှောက်နိုင်တယ်..

" တော်လိုက်တာ.."

" မမလေးမှာအရည်အချင်းကောင်းတွေအများကြီးရှိတယ် မင်းတဖြည်းဖြည်းသိလာမှာပါ..မင်းလည်းသင်ယူရမှာပဲ.."

" အင်းပါ..ဖြူနားလည်ပါတယ် ဒါပေမယ့်မမလေးဘ၀ကဖြူ့အတွက်ခက်ခဲလွန်းတယ်.."

အတွင်းရေးမှူးဖြစ်တဲ့မမဧကရီက
ကသိပ်မမြင့်တဲ့ဒေါက်တစ်ရံကိုဖြူ့ရှေ့မှာချပေးသည်

" ဒါအရင်စီးကြည့်.."

" ဟုတ်.."

ဘယ်လောက်ပဲတည်တည်ငြိမ်ငြိမ်လျှောက်နိုင်အောင်ကြိုးစားနေပေမယ့်ခဏခဏချော်ထွက်နေတာများ‌ ဘေးကမမဧကရီသာဖြူ့လက်ကိုမကိုင်ထားရင်ကြမ်းပြင်နဲ့မျက်နှာမိတ်ဆတ်သွားနိုင်သည်

" မရတော့ဘူးမမ..ဖြူ့ခြေထောက်တွေနာနေပြီ..ခြေသလုံးတွေတောင့်နေတာပဲ.."

" အင်း..စီးနေမကျတော့လည်းအဲ့လိုပဲပေါ့..ဒီနေ့ဒီလောက်နဲ့နားကြမယ်..ဒီနေ့စီးခဲ့တဲ့အထဲမှာဘယ်ဟာလေးကမင်းအတွက်ပိုလွယ်လဲ.."

" ဟိုဘက်ကထောင့်နိမ့်အပြာလေး.."

" ရှားရှားပါးပါးရွေးတက်တယ်နော်..အလွယ်ဆုံးလေး"

" ဟီး..အဲ့ဒါတောင်မနည်းစီးရမှာ..'

" ဒီဖိနပ်ရွေးလိုက်တာဆိုတော့ဒီနေ့မြန်မာ၀တ်စုံ၀တ်ရမယ်.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now