အခန်း(၂၀)

500 31 1
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၂၀)

🐚🍃🐚🍃

ဖြူ စံအိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အန်တီခိုင်းနဲ့ဦးကဧည့်ခန်းမှာထိုင်စောင့်နေကြသည်

" မင်းကိုဖုန်းခေါ်နေတာအခေါက်ပေါင်းများစွာပဲ..ဘယ်တွေရောက်နေတာလဲ.."

" ကိုနက္ခတ်နဲ့စကားပြောနေတာပါ..ဖြူ့ ဖုန်းသံကိုတ်ိုးထားမိလို့.."

" ထိုင်ဦး..မင်းကိုငါတို့ပြောစရာရှိလို့စောင့်နေတာ..ဧကရီပါအတူတူနားထောင်.."

ဖြူနဲ့မမဧကရီ...အန်တီခိုင်တို့ရှေ့ကခုံမှာ၀င်ထိုင်လိုက်သည်
" ဖြူလည်း အန်တီတို့ကိုပြောစရာရှိပါတယ် ဒါပေမယ့်အန်တီတို့အရင်ပြောပါ.."

အန်တီကပြုံးလိုက်ပြီခါးမတ်မတ်ပြင်ထိုင်လိုက်သည်
" သိပ်မကြာခင်မင်းရဲ့ဟန်ဆောင်မျက်နှာဖုံးကိုခွာချလို့ရပြီ.."

" ရှင်.."

ဖြူသိပ်နားမလည်မှန်းသိလို့ဦးက‌ရှင်းပြဖို့ရှေ့တိုးသည်

" ဒီလိုသမီးရဲ့..ဦးတို့သမီးလေးဆူးကိုပြန်ရှာတွေ့ပြီ.."

" မမဆူးက..ပြန်လာပြီလား.."
ဖြူအံ့အားသင့်စွာမေးမိသည်
ဖြူဘယ်လောက်ထိမိုက်မဲသလဲဆိုရင်မမဆူးကိုမေ့ပြီးကိုယ့်ခံစားချက်ကိုရှေ့တန်းတင်ခဲ့မိသည်
ကိုနက္ခတ်လက်ထပ်ခွင့်တောင်းတာကိုခေါင်းငြိမ့်ခဲ့မိသည် ကိုယ့်နေရာကိုမေ့နေခဲ့မိသည်
ဖြစ်သင့်လို့လားဖြူ...
ကိုနက္ခတ်ကနင်နဲ့တန်လို့လား...

" မမလေးကိုတွေ့ပြီ..ဟုတ်လား.."

" ဟုတ်တယ်ဧကရီ..‌မနက်ဖြန်ဦးတို့သွားခေါ်ကြမှာ..သမီးလေးကအက်ဆီးဒင့်တစ်ခုကြောင့်ခြေထောက်တွေမကောင်းဘူးပြောတယ်..အဲ့တော့ဖြူကတစ်လလောက်တော့ဒီနေရာမှာဆက်နေရဉီးမယ်..သမီးကပုံမှန်အတိုင်းသွားလာလူပ်ရှားလို့ရပြီဆိုရင်သူ့နေရာသူ၀င်နေလိမ့်မယ်.."

" ဒါဆို..ဖြူကမမဆူးအဖြစ်ဆက်ဟန်ဆောင်နေဖို့မလိုတော့ဘူးပေါ့.."

ဖြူ့စကားကိုဦးကပြုံးလျက်ခေါင်းငြိမ့်ပြသည်

" ဦးတို့လည်းမ‌ဖြစ်မနေမို့သမီးကိုအကူအညီတောင်းလိုက်ရတာပါ သမီးလည်းဦးတို့သမီးနေရာမှာဟန်ဆောင်နေရတာခက်ခဲလွန်းမှန်းသိပါတယ် အဲ့အတွက်လည်းကျေးဇူးတင်ပါတယ် သိပ်မကြာခင်အားလုံးကသူ့နေရာနဲ့သူဖြစ်တော့မှာပါ..အော်..ပြီးတော့ဟိုကိစ္စကိုလည်းစိတ်မပူပါနဲ့..ဦးတို့အပြီးတိုင်ဖျောက်ဖျက်လိုက်ပါပြီ..ဒီအမူကိုအခုထိုင်နေတဲ့သုံးယောက်ပဲသိတဲ့အတွက်ရှေ့ဆက်ရမယ့်သမီးဘ၀မှာဘယ်လိုအနှောင့်အယှက်မှာ‌ရှိနိုင်မှာမဟုတ်တော့ဘူး...သမီးရဲ့အမေခြေထောက်တွေပြန်ကောင်းဖို့အထိလည်းဉီးကပဲဆက်ပြီးကုသပေးပါ့မယ်.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now