အခန်း(၁၃)

537 43 9
                                    


၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၃)

🐚🍃🐚🍃

" ဒီမှာရှင့်..ဟိုလူ.."

" ငါ့နာမည်စိုင်းဇာနည်.."

အမလေးဒေါသနဲ့လူနဲ့လိုက်လည်းလိုက်ပါတယ်
ပါးစပ်ကထုတ်မပြောသော်လည်းဆူးမျက်နှာလေးမဲ့ရွဲ့သွား၏

မိုးလင်းလာရင်ဆိုင်ကယ်တစ်စီးနဲ့ထွက်သွားမည် ညနေစောင်းလောက်ဆိုပြန်လာသည်
တစ်နေ့တစ်နေ့ဒါပဲလုပ်နေတဲ့လူကများ..လေသံကအထက်စည်းက...

" ဒီမှာကိုစိုင်းဇာနည်.."

" ဘာလဲ.."

" ရှင့်ညီမပြန်မရောက်သေးဘူးလား.."

" သူဒီနေ့နေမကောင်းလို့ထမင်းဆိုင်မှာပဲအိပ်မယ်ပြောတယ်.."

" ရှင်!..အဲ့ဒါဆို ဆူးကဘယ်လိုလုပ်ရမှာလဲ.."

" ဘာကိုဘယ်လိုလုပ်မှာလဲ.."

" ဆူး ရေမချိုးရသေးဘူး.."

ကျစ်..ဟုတ်သားပဲ...
ညီမလေးပြန်လာမှဆူးကရေဆင်းချိုးတတ်တာကိုသူမေ့နေတာ...

" မင်းဒီနေ့တစ်ရက်မချိုးနဲ့တော့.."

" ဟင်..ဘယ်လိုလုပ်ဖြစ်မှာလဲ."

" မင်းကတစ်နေကုန်ထိုင်လိုက်လှဲလိုက်ပဲနေရတာလေ..ချွေးလည်းထွက်တာမဟုတ်ဘူးချိုးမနေနဲ့.."

" ချွေးထွက်မှရေချိုးရမယ်လို့ရှင့်ကိုဘယ်သူပြောလဲ..ကျွန်မဘယ်တုန်းကမှဒီလိုမနေတတ်ဘူး..အမြဲတမ်းအလုပ်နဲ့လူနဲ့မပြတ်ခဲ့ဘူး..
ဒီခြေထောက်တွေသာကောင်းနေရင်လေ..."

ပြောနေရင်းအသံလေးကပြာ၀င်သွားတော့လှည့်ကြည့်လိုက်မိသည်
ခေါင်း‌ငုံ့ထားပုံအရငိုနေတာဖြစ်နိုင်သည်
ဘယ်သူမဆိုချို့ယွင်းချက်ရှိနေချိန်မှာအားငယ်တတ်တာပဲမို့သူကိုယ်ချင်းစာမိသည်
ပြီးတော့စကားပြောတဲ့ဟန်ပန်ကသွက်လက်ပြီးမျက်၀န်းအကြည့်လေး‌တွေကစူးရဲသည်
ဆူးကသူမကိုယ်တိုင်ပြောထားတဲ့အတိုင်းထက်ထက်မြက်မြက်အလုပ်လုပ်နေသည့်မိန်းကလေးဖြစ်နိုင်သည်
ခုလိုအခြေနေနဲ့သူကိုယ်သူအားမလိုအားမရဖြစ်နေနိုင်သည်
စကားပြောလိုက်တိုင်းရန်ဖြစ်နေရပေမယ့်ခုချိန်မှာတော့နည်းနည်းတော့ဂရုဏာသက်သွား၏

၀င်ကစွပ်ပုံပြင်Where stories live. Discover now