အခန်း(၁၀)

530 26 1
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၀)

🐚🍃🐚🍃

" ဖြူဒီနေ့တော်‌တယ်သိလား.."

" ဘာကိုလဲမမ.."

" ခုနကဒီဇိုင်နာကိုပြောလိုက်တာလေ..ဆူးနဲ့တကယ်တူသွားတယ် တို့တောင်မင်းကိုအံ့ဩပြီးကြည့်နေတာ.. မမလေးဆိုလည်းမင်းနေရာမှာအဲ့လိုပဲပြောလိမ့်မယ်ထင်တယ်.."

ဧကရီပြောလိုက်တာကိုဆူကဖွဖွကလေးပြုံးသည်

" ‌အဆင်ပြေသွားလို့တော်သေးတာပေါ့..မမဆူးအဖြစ်နဲ့ကိုယ့်ကိုယ်ကိုသတ်မှတ်လ်ုက်တော့စကားလုံးတွေပါပြောင်းသွားတယ်ထင်တယ်"

" နောက်ထပ်အဲ့လိုလူတွေနဲ့တွေ့ရဦးမှာ အဲ့ပုံစံကိုထိန်းထားဦး.."

" ဟုတ်ကဲ့.."

မနက်ပိုင်းဒီဇိုင်နာဆီသွားပြီးတော့
Red Dream (RD)groupကဖွင့်ထားသည့်luxary ရှော့ပင်းမောလ်မှာရှိသည့်ဆိုင်ခွဲအသစ်ကိုသွားကြည့်ရသည် မမဆူးအပ်ထားသည့်decorationကလှလွန်းလို့ဖြူဘာပြောရမှန်းတောင်မသိ...
ဆိုင်ထဲ၀င်လိုက်တာနဲ့မွှေးပျံ့နေတဲ့အနံ့လေးတွေနဲ့ခမ်းနားသည့်အပြင်အဆင်က
Brandedလက်ကိုင်အိတ်တွေရောင်းတဲ့ဆိုင်ဆိုတာထက်spaလေးနဲ့တောင်တူနေပြီးစိတ်ကြည်လင်သွားသလိုပင်....
ဖြူ ရောက်သွားတော့ဆိုင်ကအတွင်းပိုင်းပြင်ဆင်ဖို့လောက်သာကျန်တော့သည် 90%လောက်ကပြီးနေပြီ
အလုပ်သမားတွေကလည်းပစ္စည်းတွေကိုသူ့နေရာနဲ့သူနေရာချနေကြသည်
မန်နေဂျာတွေကလည်းမမဆူးအမှတ်နဲ့လာနူတ်ဆတ်ကြတော့ခပ်တည်တည်နဲ့ခေါင်းငြိမ့်ပြရသေးသည် အစတည်းကမမဆူးက၀န်ထမ်းတွေနဲ့သိပ်အရောမ၀င်သူမို့စကားပြောစရာထွေထွေထူးထူးမရှိတာတော်သေးသည်
ဖြူကနားထောင်ရုံသာနေပြီးလိုအပ်တာမှန်သမျှကိုမမဧကရီကညွှန်ကြားပေးသွားသည်..

" နောက်တစ်ပတ်လောက်ဆိုဆိုင်ကဖွင့်ပွဲလုပ်လို့ရပြီ.."

" အဲ့ဒါကြောင့်မမဆူးကဒီဇိုင်နာဆီမှာ၀တ်စုံအပ်ထားတာနေမယ် အချိန်ကိုက်တာတော်တယ်နော်.."

" ဟုတ်တယ် မမလေးကအလုပ်ကိုသူက်ုယ်တိုင်လည်းတိတိကျကျလုပ်တယ် သူများဆိုလည်းတိကျမှကြိုက်တယ် သူလုပ်နိုင်တယ်ထင်တာကိုပဲအောင်မြင်အောင်လုပ်တဲ့သူမျိုး...သူ့အရည်အချင်းသူအမြဲတမ်းယုံတယ် အဲ့ဒါကြောင့်လည်းငယ်ငယ်လေးနဲ့ဘာလုပ်လုပ်အောင်မြင်တယ်..နေနက္ခတ်လည်းအဲ့လိုလူစားပဲလေ သူတို့ကပုံစံတူတဲ့သူအချင်းချင်းတွေ့ကြတာ..မမလေးပထမဆုံးလက်ကိုင်အိတ်brandကိုဒီဇိုင်းဆွဲတုန်းက16နှစ်ပဲရှိသေးတာလေ ဘာစီးပွားရေးမှမလုပ်တတ်သေးဘဲကလေးအိုင်ဒီယာနဲ့ဆွဲခဲ့တဲ့ဒီဇိုင်းကနာမည်ကြီးခဲ့တာ.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now