အခန်း(၉)

462 27 2
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၉)

🐚🍃🐚🍃

မေမေ့နားမှာရှိချိန်ဆိုဖြူ့ဘ၀ကိုဖြူကိုယ်တိုင်ပိုင်ဆိုင်ရသလိုခံစားရပြီးလွတ်လပ်သည်
တစ်နေကုန်မေမေ့နားမှာနေပြီးမေမေကြိုက်တဲ့ဟင်းတွေချက်ကြွေးသည်
သားအမိနှစ်ယောက်စကားတွေအတူပြောကြသည်
မေမေ့ကိုဝှီးချဲလေးပေါ်တင်ပေးပြီးခြံထဲမှာလမ်းလျှောက်ထွက်ကြသည်
တကယ်ဆိုလမ်းမပေါ်ထိထွက်ချင်ပေမယ့် "မင်းတို့ကိုလူမြင်မခံနဲ့"ဆိုတဲ့အန်တီခိုင်ရဲ့အမိန့်ကြောင့်မေမေကိုခြံထဲမှာပဲနေခိုင်းရသည် ခြံကကျယ်ပြီးသားမို့မြက်ခင်းပြင်ဘေးကပတ်လမ်းမှာဝှီးချဲလေးကိုတွန်း၍လမ်းလျှောက်ကြသည်

ညနေမစောင်းခင်မေမေ့ကိုဖြူကိုယ်တိုင်ရေချိုး
ခေါင်းလျှော်ပေးပြီးဆေးတိုက်ပြီးသိပ်လိုက်သည် မေမေညဘက်စားဖို့ဟင်းတွေပြန်နွှေးပေးပြီးဖြူလည်းလန်းဆန်းသွား‌ေအာင်ရေတစ်ခါတည်းချိုလိုက်သည် သနပ်ခါးပါးကွက်ပါးပါးလေးလိမ်း၍မေမေ့ဘေးမှာ၀င်လှဲဖို့လုပ်တုန်းဖုန်း၀င်လာလို့ကြည့်လိုက်တော့ ကိုနက္ခတ်‌ဆက်နေတာ...

ဖြူတွေဝေသွား၏
ဒီရက်ဆိုရင်ဖြူ့ဖုန်းကိုဘယ်သူမှမခေါ်‌ကြပေ
အလုပ်ဖုန်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူးဖြစ်တဲ့မမဧကရီကဘဲဖြေရှင်းပေးတတ်တာ..
မမဧကရီ မရှင်းနိုင်တဲ့သူဆိုတာ
ကိုနက္ခတ်တစ်ယောက်သာရှိလေသည်
ဖြူကခုချိန်မှာမမဆူးမဟုတ်သည့်အတွက်သူ့ဖုန်းကိုမကိုင်ဖို့ဆုံးဖြတ်လိုက်သည်
ဖုန်းကတစ်ခေါက်ကျသွားပြီးကတည်းကပြန်၀င်မလာတော့ဖြူလည်းစိတ်အေးသွား၏

နေ့လည်ဘက်မေမေတစ်ရေးအိပ်ပျော်သွားတုန်းကမေမေ့စောင့်ရှောက်ပေးနေတဲ့နတ်စ်မလေးနဲ့စကားပြောခွင့်ရခဲ့သည် မေမေကအသက်ကြီးနေသည့်အပြင်ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတဲ့ဒဏ်တွေကြောင့်ခြေထောက်တွေကတော်တော်နဲ့ပြန်မကောင်းနိုင်လောက်ဘူးတဲ့...အချိန်ယူပြီးသေချာဂရုစိုက်ပေးနိုင်ရင်‌တောင်ပုံမှန်လိုသွားလာနိုင်ဖို့မလွယ်တော့ဘူးတဲ့...မေမေ့အတွက်ဖြူ၀မ်းနည်းရသည် ကျေးဇူးမဆပ်နိုင်တဲ့အပြင်ရောဂါဖြစ်မေသည့်အချိန်မှာတောင်အနားမှာရှိ‌မနေခဲ့သည့်ကိုယ့်ကိုယ်လည်းမုန်းမိသည်
ဒီတာ၀န်တွေအားလုံးပြီးမယ့်တစ်ချိန်ကျရင်တော့မေမေ့အနားမှာနေပြီးစောင့်ရှောက်ပေးတော့မည်

၀င်ကစွပ်ပုံပြင်Where stories live. Discover now