အခန်း(၃၁)

698 38 4
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၃၁)

🐚🍃🐚🍃

ဖြူကပုခုံးပေါ်ကနေသူ့ကြောပြင်ကိုတဗုန်းဗုန်းရိုက်ပြီးပါလာသည်
ရေချိုးခန်းထဲရောက်မှbathtubထဲကိုချပေးလိုက်ပြီးပြန်ကျုံးထဖို့လုပ်သည့်ကိုယ်လုံးလေးကိုပုခုံးနှစ်ဖတ်ကနေဖိထားလိုက်သည်

" မင်းငြိမ်ငြိမ်နေ..."

" ရှင် ဖြူ့ကိုယုတ်မာဖို့မကြိုးစားနဲ့...ဖြူကိုယ့်ကိုယ်ကိုသတ်သေမှာ..."

" ငါ့လက်ထဲမှာမင်းကိုယ်မင်းဒဏ်ရာရအောင်
လုပ်လို့ရမယ်ထင်နေလား..."

ဖြူကနူတ်ခမ်းလေးကိုက်ပြီးအင်မတန်ဒေါသထွက်နေတဲ့ရုပ်လေးနဲ့သူကိုမော့ကြည့်နေသည်

" ကိုယ့်ဘာသာချိူး.. ငါအပြင်ထွက်ပေးမယ်.."

Bathtubထဲကနေပြန်ထွက်ပြီးတံခါးနားမှာခြေစုံရပ်၍လှည့်ကြည့်လိုက်သည်

" ရေချိုးဖို့ခေါ်လာတာကိုအေးဆေးချိုးနော်..ပေါက်ကရကြံစည်ပြီးထွက်ပြေးဖို့လုပ်နေတာဆိုရင်မင်းမလိုချင်တာငါပြန်လုပ်ပြမယ်..."

" ရှင်ကမကောင်းဆိုးဝါးပဲသိလား..."

အနောက်ကနေလှမ်းအော်သည့်အသံလေးကိုလျစ်လျူရူထားလိုက်သည်

🐚🍃🐚🍃

အဝေးပြေးကားပေါ်ကဆင်းပြီးရန်ကုန်မြေကိုချေချခဲ့ပြီ...
ဘန်ကောက်ကပြန်လာတာနှစ်ပတ်၀န်းကျင်ရှိနေပေမယ့်ရွာမှာအဖိုးဆုံးသွားတော့အစစအရာရာပြင်ဆင်ပြုပြင်နေရင်းအချိန်တွေကြာသွားခဲ့သည်

ရန်ကုန်မှာအသိမိတ်ဆွေရော တပည့်တပန်းတွေရောရှိပေမယ့်ဇလပ်ဖြူကိုတော့သိမယ်မထင်...
နေနက္ခတ်ကိုမေးရင်ပိုတောင်ဆိုးသွားနိုင်သည်
ဒါပေမယ့်သူရင်ထဲမှာရုန်းကန်နေတဲ့ဆန္ဒတွေကဖြူ့ကိုမရမနေပြန်ခေါ်လာဖို့ပင်...

ဖြူရဲ့ရိုးသားဖြူစင်မူကိုသိပြီးသည့်နောက်မှာရူပ်ထွေးပွေလီနေသည့်ဒီအသိုက်အ၀န်းထဲကိုပြန်မရောက်စေချင်ပါ...
ဆူးရော နက္ခတ်ရော အားလုံးကတူတူပဲ...
ဒီပုံစံ ဒီစရိုက်တွေဟာဖြူနဲ့ဘယ်လိုမှမအပ်စပ်နိုင်...
အကြောင်းအမျိုးမျိူးကြောင့်စိတ်ဒဏ်ရာရနေတဲ့မိန်းကလေးကနောက်တစ်ကြိမ်ဒီနွံထဲပြုတ်ကျသွားရင် အရင်လိုရုန်းထွက်နိုင်မလားဆ်ုတာမသေချာတော့ပေ ..

၀င်ကစွပ်ပုံပြင်Where stories live. Discover now