ဘယ်လိုပဲဖြစ်ဖြစ် လီဟောက်ကျယ်က ဆက်လက်ပြီး စုထျန်းထျန်းရဲ့ ဂုဏ်တွေကို စင်ပေါ်မှာ ဆက်မြှင့်ပေးနေ၏။

"ဆရာမစုက ကျွန်တော်မြင်ဖူးသမျှတွေထဲ အကြိုးစားဆုံး မင်းသမီး နဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး သူမလို လူမျိုးကို ကျွန်တော့အနေနဲ့ တစ်ယောက်ကိုမှ မမြင်ဖူးသေးဘူး။ မနေ့ညကဆို သူမက လူတိုင်းကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်ချင်ခဲ့တာမို့ သီချင်းဆိုတာကိုလည်း အသံပျောက်သွားတဲ့ထိ ၄နာရီလောက် မရပ်မနားကျင့်ခဲ့တယ်"

ထိုအရာကြောင့် လူအုပ်ကြီးထဲမှ ပရိတ်သက်တွေက အုတ်အော်သောင်းနင်း ချီးကျူးကြလေ၏။ "စုထျန်းထျန်း! စုထျန်းထျန်း!"

လီဟောက်ကျယ်က ဂဏာမငြိမ်ဖြစ်နေတဲ့ သူ့ကိုယ်သူ ဖိနှိပ်ဖို့ သူ့လက်တွေကို အကြောဆန့်လိုက်သည်။ "တကယ်လို့ စုထျန်းထျန်းကြောင့်သာ မဟုတ်ခဲ့ရင် ဒီနေ့လို ကျွန်တော်ကလည်း ရှိလာမှာ မဟုတ်ပါဘူး ဒါကြောင့်ပဲ ကျွန်တော့အနေနဲ့ fanတွေအားလုံးကို သူမအတွက်ပဲ မဲပေး‌ဖို့ ဖိတ်ခေါ်ချင်ပါတယ်! အားလုံးကို ကျေးဇူးတင်ပါတယ်!"

ခါးကိုင်းဦးညွတ်လိုက်ပြီးနောက် ဆွဲဆောင်မှုရှိစွာပဲ စင်အောက်သို့ ဆင်းသွားလေ၏။

ကျန်းရှန့်မေကတော့ နင်မုန့်ကို ကြည့်လိုက်သည်။ "ဘယ်လို....ဘယ်လိုလုပ်ပြီး ဒါက ဖြစ်နိုင်မှာလဲ။ ဘာကြောင့်များ သူက ဒီလိုအရေးပါတဲ့ အချိန်မှာ သူ့အတွက် မဲတွေ ရအောင် လုပ်ဖို့ မကြိုးစားရတာလဲ!"

ကျန်းရှန့်မေရဲ့ ထူထဲတဲ့ မိတ်ကပ်တွေ တောင်မှ သူမ မျက်ဝန်းထဲက အမျက်တွေကို မဖုံးဖိနိုင်တော့။ "သူ့ကို ဒီလိုလုပ်ဖို့ စုထျန်းထျန်းက ဖိအားပေးထားတာပဲ နေမယ်!" ပြီးတဲ့အခါမှာတော့ သူမ ထွက်သွားလိုက်လေ၏။ သူမကိုယ်သူမ ထိခိုက်အောင် လုပ်မိမှာဆိုးတာမို့ နင်မုန့်ကလည်း အနောက်မှ လိုက်သွားလိုက်သည်။

စင်နောက်ကို တည့်တည့်သွားတဲ့ ကျန်းရှန့်မေဆီမှ လူသတ်ချင်တဲ့ အငွေ့အသက်တို့ကို ခံစားလို့ရနေလေ၏။ ရှည်လျားတဲ့ စြင်္ကန်လမ်းကို ဖြတ်ပြီးတဲ့နောက်မှာ စုထျန်းထျန်းနဲ့ စကားပြောနေတဲ့ လီဟောက်ကျယ်ကို သူမ တွေ့လိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now