အပိုင်း ၃၃(Uni)(Zawgyi)

Start from the beginning
                                    


လန်ဂျင်းယွိ ကတော့ သူ့မျက်လုံးတွေကို နည်းနည်းမှိတ်ထားလိုက်ပြီး စကားတစ်လုံးမှ ထပ်မပြောဘဲနေလိုက်တယ် အဲဒီအစား သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

လဲ့ယောင်းယောင်းက သူ့ရဲ့လက်အမူအရာကို နားမလည်ဘူး။  ရှင်းလင်းချက်အတွက် သူမက မိန်းမစိုးခေါင်းဆောင်ကြီးကို ကြည့်လိုက်တယ်။  သူက လဲ့ယောင်းယောင်းကို ချက်​ချင်းပဲကြည့်​လာခဲ့ပြီး ​စူးရှစွာအော်​လာခဲ့​တယ်​  “မင်းဘာလို့ရပ်​​နေတာလဲ? မြန်မြန် ဟင်းချက်ဖို့ပြင်ဆင်တော့လေ !”

“အိုး!  ကျေးဇူးကြီးမားလှပါတယ် မင်းသား ယွေ့! ကျေးဇူးကြီးမားလှပါတယ် မင်းသား ယွေ့ !”


ဒါကိုကြားတော့ Cook Li က ပထမဆုံး တုံ့ပြန်ခဲ့တယ်။  မင်းသား ယွေ့ က သူ့ကို နောက်ထပ်အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတာကို သိလိုက်ရတော့ အရမ်းဝမ်းသာလွန်းလို့ မျက်ရည်တောင် ဝဲမိသွားတယ်။

သူဆက်နေနိုင်မယ်လို့ အာမခံချက်မရှိပေမယ့် အနည်းဆုံးတော့ မျှော်လင့်ချက်ရှိတယ်လေ!  မျှော်လင့်ချက်ရှိခြင်းက ဘယ်အရာတွေထက်မဆို အမြဲတမ်းပိုကောင်းတယ်မဟုတ်လား?

ဒါကြောင့် Cook Li က ကျေးဇူးတင်ကြောင်းပြရန် ဦးညွှတ်ပြီးနောက်၊ လဲ့ယောင်းယောင်း ကို သူနှင့်အတူ မီးဖိုချောင်သို့ အမြန်ဆွဲထုတ်သွားခဲ့သည်။

ဒီကြားထဲမှာ လဲ့ယောင်းယောင်းကို သူကျေးဇူးတင်လို့မဆုံးတော့ပါဘူး။  သူတို့နောက်က လျှောက်နေတဲ့ ရှောင်မုဇီ ကတော့ အလွန်စိတ်ပျက်ဝမ်းနည်းနေပုံပါပဲ။

“ရှောင်ယောင်းဇီ ၊ မင်း ဘာလို့ ကိုယ့်ကိုယ်ကို ဒီလောက်ဒုက္ခပေးရတာလဲ?! မင်းကမိဘမဲ့လို့ ပြောခဲ့တာမဟုတ်ဘူးလား? မင်းသားရဲ့နန်းတော်ထဲကနေ ကန်ထုတ်ခံရရင် ဘယ်သွားမလို့လဲ?”

“အယ်!?  ငါ ဒီလောက်ထိ မတွေးလိုက်မိဘူး!  အမ်း စိတ်မပူပါနဲ့။  သင်္ဘောက ဆိပ်ကမ်းကို ရောက်တဲ့အခါ အလိုအလျောက် ဖြောင့်သွားပါလိမ့်မယ်။  ဒါ့အပြင် အစ်ကိုလီ နှင်ထုတ်ခံတာကို ငါဒီအတိုင်းကြည့်နေဖို့ဆိုတာက  ဘယ်လိုမှ မဖြစ်နိုင်ဘူး!”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now