ထိုသို့ သူမ ပြောပြီးနောက် သူမ သံသယ ဝင်လာ၏။ 'အချိန်တစ်ခု ကြာတဲ့အထိ စင်ပေါ်မှာ သီချင်း မဆိုဖြစ်တာမို့ လူတိုင်းကို သူမက အရင်ဆုံး လေ့ကျင့်ဖို့ ခွင့်ပြုလိုက်တာလား။ အဲ့နည်းကပဲ သူမမှာ ပိုပြီး လေ့ကျင့်ချိန် ပိုရမှာ မို့လို့လေ?'

သဘောတရား တစ်ခုကို နင်မုန့် သဘောပေါက်သွားလေပြီ။

'စုထျန်းထျန်း ဒီလောက် အချိန်အများကြီး သုံးနိုင်တာ မထူးဆန်းတော့ပါဘူး! အရာအားလုံးကို ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်လိုက်တာ!'

သူမ စိတ်ကို ငြိမ်အောင် ထားလိုက်ပြီးနောက် ရယ်လိုက်သလို ခပ်ကျယ်ကျယ်ပြောလိုက်သည်။ "‌တနေ့လုံး ဘာမှ မလုပ်လိုက်ရရင် လူတချို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ နဂိုတည်းက သူများကို အရင်ဦးစားပေးဖို့က နင့် ရည်ရွယ်ချက် ဆိုမှတော့ လင်းချင်ပေ့နဲ့ ဘာလို့ ပြောင်းမပေးတာလဲ။ လူသစ်တွေကို အနိုင်ကျင့်နေတာလား"

ဝန်ထမ်း ဘာမှ မပြောနိုင်ခင် လီဟောက်ကျယ်က ဝင်ပြောလာသည်။ "ထျန်းထျန်းက ပြီးပြည့်စုံအောင် ဖျော်ဖြေနိုင်ဖို့ ကြိုးစားနေတာ! သူမက သူ့ အလှည့်ပေးပြီး တနေ့ခင်းလုံး စောင့်ပေးဖို့တောင် ဆန္ဒရှိနေတာကို ဘာလို့ သူ့လို အတူတူ မစောင့်ပေးနိုင်ရတာလဲ"

နင်မုန့် မျက်ခုံးပင့်မိသွားသည်။ "ကျွန်မ ပြောနေတာ သူမ အကြောင်းပါ ဘာလို့ရှင်က ပြန်ဖြေတဲ့လူ ဖြစ်နေရတာလဲ"

လီဟောက်ကျယ်က အေးစက်စွာ ရယ်လိုက်ပြီး "လူတွေ လျှောက်ပြောမှာ မလိုချင်လို့ပဲ။ မင်း ဘယ်သူလဲဆိုတာ ငါသိတယ် မင်းက မစ္စနင်မုန့်မလား။ စုထျန်းထျန်းကို အနိုင်ကျင့်တဲ့ တစ်ယောက်လေ"

"??"

'ဒီလူက စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ရှိနေတာလား'

သူမ ပြန်ပြောမယ်လုပ်လိုက်ရင်ပဲ ကျန်းရှန့်မေက အလောတကြီး ဖြတ်ပြောလာသည်။ "ဘာလို့ နင်မုန့်က စုထျန်းထျန်းကို မနာလိုလို့ အနိုင်ကျင့်ရမှာလဲ"

ထိုသို့ ကြားလိုက်ရတဲ့အခါ လီဟောက်ကျယ် ကြက်သေ သေ သွားသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now