အလွယ်ပြောရမယ်ဆို ကျန်းရှန့်မေက tsundereဖြစ်သည်။[2]

[2] tsundereဆိုတာ အစပိုင်းမှာ အေးစက်ပေမယ့် ဖြည်းဖြည်းချင်း ရင်းနှီးတဲ့ နွေးထွေးမှုကို ပြလာတတ်တဲ့ ဂျပန်ဇာတ်ကောင်ကို ပြောတာပါ။

နင်မုန့် သူမကို ကြည့်ပဲကြည့်နေတာကို မြင်လိုက်ရတဲ့အခါ ကျန်းရှန့်မေ သူမ လာရတဲ့ အကြောင်းပြချက်ကို ပြန်သတိရသွားသည်။ တခနအတွင်းမှာပဲ သူမ လက်ပိုက်လိုက်ပြီး သတိပေးလိုက်သည်။ "လီဟောက်ကျယ်ကို ‌ဖျားယောင်းနိုင်ဖို့အတွက် ငါ့ကို မသိချင်ယောင် ဆောင်နေတာလား။ ငါ နင့်ကို သတိပေးလိုက်မယ်နော်! အကယ်၍ ငါ့ သတို့သားလောင်းကို ဖျားယောင်းချင်လို့ကတော့ နင့်မျက်နှာကို ငါ့လက်သည်းတွေနဲ့ ကုတ်ပစ်မယ်!"

သူမ စကားပြောပြီးတဲ့အခါ ကျန်း‌ရှန့်မေက သူမ လက်သည်းတွေကို နင်မုန့်ရှေ့ ထုတ်ပြ၏။

လီဟောက်ကျယ်ဆိုတာ "Throne of Songs"ထဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက် ဖြစ်သည်။ ထိုကောင်လေးက အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက် ဖြစ်ပေမယ့် စက်ဆုပ်ဖွယ်ကောင်းပြီး ဘဝင်လေဟပ်နေတဲ့ ဇီဇာကြောင် တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ ဇီဇာကြောင်တတ်တဲ့ အကျင့်ကြောင့်လည်း အနုပညာနယ်ပယ်ထဲက သီချင်းထုတ်လုပ်သူ တော်တော်များများနဲ့ မကြာခန ကတောက်ကဆ ဖြစ်တတ်လေ၏။ ကျန်းရှန့်မေက သူ့အပေါ် အရင်ကတည်းက သဘောကျခဲ့သူဖြစ်တာကြောင့် သီချင်းနယ်ပယ်ထဲ သူအောင်မြင်ဖို့အတွက် သူမ မိသားစုကို အများကြီး ကူညီခိုင်းခဲ့တာ ဖြစ်သည်။ တခြားစကားဖြင့် ပြောရမယ်ဆိုပါက ဒီနေ့လို သူ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ ကူညီပေးနေတဲ့ အဓိက တစ်ယောက်သောသူက ကျန်းရှန့်မေ ဖြစ်လေသည်။

ဒါကြောင့်ပဲ မျက်နှာများတဲ့ လီဟောက်ကျယ်က သူမရဲ့ သီးခံနိုင်စွမ်းကို စမ်းသပ်တတ်၏။

ဘာတွေဖြစ်နေတာလဲ ဆိုတာ နင်မုန့် သဘောပေါက်သွားတဲ့အခါ ရယ်ချလိုက်၏။

ဒါတွေ အကုန်လုံးက စုထျန်းထျန်းရဲ့ အကြံပဲ။

"မူလနင်မုန့်"က ယောက်ျားအပေါ် သစ္စာမရှိ ဆိုသော နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည်။ အတိတ်မှာတုန်းက နင်မုန့်က ကျန်းရှန့်မေနဲ့ ရန်ဖြစ်တဲ့အခါတိုင်း လီဟောက်ကျယ်ကို ဖျားယောင်းမည်ဟု အမြဲခြိမ်းခြောက်တတ်သည်။ စုထျန်းထျန်းက အခု နင်မုန့် နဲ့ ကျန်းရှန့်မေကြား ရန်ဖြစ်ဖို့ လောင်စာ ထည့်ပေးလိုက်တာ ဖြစ်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now