36. Final

3.1K 138 6
                                    

Unicode

" ကမ်းခြေက အပန်းဖြေအိမ်ယာက အကုန်ပြီးစီးသွားပြီ ရိပေါ်.... ကိုယ်တို့နှစ်ရက်လောက်သွားအပန်းဖြေကြမလား "

" ကောင်းတာပဲ "

ရှောင်းကျန့်ရုံးခန်းမှာ ကျင်းမူနဲ့ သူတို့အတွဲ
နေ့လည်စာစားနေရင်း သွားအပန်းဖြေမယ့်ကိစ္စကိုပြောဖြစ်ကြတယ် ။ ရှောင်းကျန့်အတွက်ကတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်မယ့်အစီအစဥ်လို့ပြောရမလား ။ အပန်းဖြေအိမ်ယာကို သွားစစ်ဆေးရင်း ချစ်သူလေးနဲ့အတူအပန်းလည်း​ဖြေရင်းပေါ့ ။

" ဒါဆို ကျွန်တော်တို့ မနက်ဖြန်ညနေသွားရအောင် "

" အင်းရတယ်လေ "

ရှောင်းကျန့်က ထမင်းကုန်းစားနေတဲ့ ကျင်းမူရဲ့နောက်ကျောကို အားမပါစွာရိုက်လိုက်ရင်း ပြောလိုက်တယ်

" မင်းလည်းလိုက်ရမယ် "

ကျင်းမူကပလုတ်ပလောင်းနဲ့ ရှောင်းကျန့်ကိုမော့ကြည့်လာတယ် ။ ပြီးမှ ခေါင်းတဆက်ဆက်ငြိမ့်ပြလာပါတယ် ။

" ကျင်းမူကို နားပါစေ ရှောင်းကျန့်ရဲ့ "

ဝမ်ရိပေါ်ကပြောလာတဲ့အခါ ကျင်းမူက ဝမ်ရိပေါ်ကို ကြောင်တောင်တောင်လေးကြည့်လိုက်ပြန်တယ် ။ ဘောစ့်ဝမ်ကထူးထူးဆန်းဆန်းဒီလို​တွေပြောနေပါလား ။

" အပန်းဖြေရုံပဲမှမဟုတ်တာ ရိပေါ်ရဲ့ " ပြောနေရင်းရှောင်းကျန့်ကကျင်းမူကို လူယုတ်မာအပြုံးကြီးနဲ့လှည့်ကြည့်လိုက်ပြီး
"အလုပ်လည်းလုပ်ရမယ်လေ "

...တော်တော်ချစ်ဖို့ကောင်းတဲ့သူဌေး ...

ရှောင်းကျန့်ကဖုန်းလာလို့ဆိုပြီး ထိုင်ရာကနေထလို့ဖုန်းသွားပြောတဲ့အခါ ကျင်းမူကဝမ်ရိပေါ်နားသွားလိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်တယ် ။

" အမှန်က သူဌေးက ညဘက်ကားမမောင်းရဲလို့လေ "

" ဟမ် .. ဘာလို့လဲ "

" ဆယ်ကျော်သက်အရွယ်လောက်တုန်းက သူဌေးကြီးရှောင်းရဲ့ကားကိုခိုးမောင်းပြီး ညမှောင်မှောင်ထဲ သစ်ပင်ကိုအရှိန်နဲ့ဝင်ဆောင့်ဖူးလို့လေ "

WILL YOU.. ? ( Completed ) Where stories live. Discover now