2.

3.6K 248 2
                                    

Unicode

" အစည်းအဝေးကို ဒီလောက်နဲ့ပဲရပ်တာပေါ့ "

ရှယ်ယာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ထသွားကြတာကို ရှောင်းကျန့်ကစိတ်ပျက်လက်ပျက်နဲ့ကြည့်နေမိတယ် ။ သူလိုချင်တဲ့ပရောဂျက်အသစ်အတွက် ထောက်ခံတဲ့လူက ၄၀ ရာခိုင်နှုန်းသာလျှင်ရှိသာမို့ စိတ်မချမ်းသာတော့ ။ အတွေးကိုပြောင်းဖို့ရာကလဲ မဖြစ်နိုင် ။
လူတွေအားလုံးထွက်သွားကြပြီး အစည်းအဝေးခန်းထဲမှာ သူနဲ့ အတွင်းရေးမှူး ကျင်းမူ သာလျှင်ကျန်တော့တယ် ။စားပွဲပေါ် လက်ထောက်လို့မေးတင်ထားရင်း အသည်းအသန်တွေးတောနေပုံရတဲ့ရှောင်းကျန့်က သည်ကနေ့အဖို့ သည်နေရာကနေထတော့မည့်ပုံမပေါ်ပါ ။ ကျင်းမူကသူ့သူဌေးကြောင်းသူအသိဆုံး ။ သည်လိုအခြေအနေမျိုးဆိုရင် သူ့မှာ​ရှောင်းကျန့်ကိုစကားမပြောရဲတာမလို့ ဘေးမှာငြိမ်ငြိမ်လေးသာ ရပ်စောင့်နေရတဲ့အဖြစ် ။

နာရီဝက်လောက်နေတော့ ရှောင်းကျန့်က ထိုင်နေရာကနေ မတ်တပ်ထရပ်လာခဲ့လေပြီ ။

" ကျင်းမူ ငါဒီနေ့ မင်းအဖေကိုလိုက်တွေ့မယ် ပြီးရင်အိမ်ပြန်တော့မယ် "

" ဟုတ်ကဲ့ သူဌေး "

****

သိပ်လည်းမကျဥ်းပဲ အကျယ်ကြီးလဲမဟုတ်တဲ့တိုက်ခန်းလေးဟာ ဟောင်းနေပြီဖြစ်တယ် ။ ငယ်ငယ်ကတုန်းက ကျောင်းပိတ်ရက်တွေဆိုရင် သူငယ်ချင်းတွေစုပြီး သည်ကျင်းမူရဲ့အိမ်မှာ လာလာဆော့ခဲ့ကြတာကို မှတ်မိနေသေးတယ် ။ ကျင်းမူတို့က သားအဖနှစ်ယောက်ထဲရှိတာမလို့ နေရထိုင်ရတာလွတ်လပ်တာကြောင့်ပင် ။ ပြီးတော့ သူ့အဖေကအိမ်မှာအမြဲမရှိတာကြောင့် ။ အခုလည်း အဘိုးကြီးကျင်းစန်းက အိမ်မှာရှိမနေပေ ။ ငယ်မူဟောင်းတွေကို စဥ်းစားရင်း ရှောင်းကျန့်က အလုပ်ဒဏ်ကြောင့်ပင်ပန်းပြီး အိပ်ချင်လာခဲ့ပြီ ။ ဒီလိုနဲ့ သူဟာဆိုဖာမှာ အမှီလိုက်နဲ့အိပ်ပျော်သွားပါတော့တယ် ။ ရှောင်းကျန့်ဆိုသည်က အရမ်းအိပ်ငိုက်လာလို့ကတော့ ဘယ်နေရာမှာဖြစ်ဖြစ်အိပ်ပျော်တတ်တယ်။ အဲ့လိုအချိန်မျိုးဆိုရင်တော့ သူ့ image ကိုသူဂရုမစိုက်နိုင်တော့ ။
.
.
နဂိုအထိုင်လိုက်အိပ်ပျော်နေရာကနေ နိုးလာတဲ့အခါ အလှဲလိုက်ကလေးဖြစ်လို့နေတယ် ။ ဘယ်လောက်ကြာအောင်အိပ်ပျော်သွားသလဲဆိုတာ ကိုသိရဖို့ နံရံပေါ်ကတိုင်ကပ်နာရီကိုမော့ကြည့်လိုက်တော့ ညနေ ၅ နာရီတောင်ရှိနေပြီဖြစ်တယ် ။ သေချာမပွင့်ချင်သေးတဲ့မျက်လုံးတောင် ချက်ချင်းပြူးသွားရတော့တယ် ။

WILL YOU.. ? ( Completed ) Where stories live. Discover now