18.

1.6K 138 2
                                    

Unicode

အိပ်ယာပေါ် ဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ အိပ်မပျော်နိုင်ပဲ မနက်ဖြန်မှာ ဝမ်ရိပေါ်ဆီကို ဘာအကြောင်းပြချက်နဲ့သွားရင်ကောင်းမလည်းလို့ စဥ်းစားနေတာ အဖြေမထွက်သေး ။ ကြိုက်လို့ကြိုက်နေမှန်းမသိသေးခင်ကလည်း အတွေးများရတယ် ။ ကြိုက်နေမှန်း သိသွားပြန်တော့လည်း ချဥ်းကပ်ရမယ့်နည်းလမ်း တစ်နည်း ဝမ်ရိပေါ်ကိုကွေးအောင်လုပ်ရမယ့် နည်းလမ်းကို စဥ်းစားနေရပြန်တယ် ။ သဘောကျနေမိတဲ့သူက မိန်းကလေးတစ်ယောက်မဟုတ်နေတော့ခက်သား ။ သူ့လိုဥစ္စာပေါရုပ်ချောပြီး အရာရာပြည့်စုံတဲ့လူက လူတစ်ယောက်ကိုလိုက်ဖို့အတွက် နည်းလမ်းပေါင်းများစွာကို စဥ်းစားနေရတယ်ဆိုတာ ဖြစ်သင့်ရဲ့လား ။

ခုတင်ကျယ်ကြီးတစ်ခုလုံးပေါ် လူးလိမ့်ရင်း ၂ နာရီလောက် စဥ်းစားခန်းဖွင့်နေတာ နောက်ဆုံးတော့ အဖြေတစ်ခုထွက်လာခဲ့တယ် ။ အဲ့တာကတော့ ဝမ်ရိပေါ်ဆီပိုက်ဆံသွားချေးမယ်  ..ပြီးရင်မဆပ်ပဲအချိန်ဆွဲထားမယ် ။ ဒါမှမဟုတ်လည်း ထပ်ခါထပ်ခါသွားချေးမယ် ။ လောလောဆယ်မှာ တွေးမိတာက ဒီအကြောင်းအရာပဲရှိတယ် ။ ဒါပေမယ့် သူ့လိုသူဌေးက ဝမ်ရိပေါ်ဆီ ပိုက်ဆံသွားချေးတော့ ဝမ်ရိပေါ်ကသူ့ပိုက်ဆံကိုလွယ်လွယ်ထုတ်​​ပေးမှာတဲ့လား ။ ချစ်မိသွားရင် ဦးနောက်မရှိတော့ဘူးဆိုတာ ဒါမျိုးဖြစ်လိမ့်မယ် ။ ထက်မြတ်ပါတယ်ဆိုတဲ့ သူဌေးရှောင်းရဲ့ သ​ဘောကျရသူအပေါ် ချဥ်းကပ်နည်းလမ်းကိုစဥ်းစားမိပုံက နည်းနည်းတော့တုံးပါတယ် ။

*****

နောက်တစ်ရက် နေ့လည်အချိန်​​လောက်မှာ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ 22 ဆီသို့ရောက်သွားခဲ့တယ် ။ လုံခြုံ​​ရေး နှစ်ယောက်ကလည်း သူ့ကိုအရင်လိုစစ်မေးစရာတွေကို မမေးတော့ပဲ ဝမ်ရိပေါ်ရှိရာထိပ်ဆုံးအထပ်သို့ တန်းလွှတ်လိုက်တယ် ။ အဲ့လိုဆိုတော့ ပိုကောင်းတာပေါ့လေ ။ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်နေစရာမလိုတော့ဘူးပေါ့ ။
ဓာတ်လှေကားထဲကနေထွက်လို့ ထိပ်ဆုံးအထပ်ကိုရောက်တာနဲ့ သူ့ခြေလှမ်းတွေက သိပ်မမှန်ချင်တော့ဘူး ။ ဝမ်ရိပေါ်ကို တွေ့ရဖို့ စိတ်လှုပ်ရှားနေတာဖြစ်တယ် ။ တံခါးရှေ့ရောက်တော့ အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လက်သီးဆုပ်လေးနဲ့အတူ တံခါးကိုခေါက်လိုက်တယ်

WILL YOU.. ? ( Completed ) Where stories live. Discover now