10.

1.9K 152 2
                                    

Unicode

ရှောင်းကျန့် ရဲ့အနီးနားတစ်ဝိုက်မှာ ဝမ်ရိပေါ်က အမြဲလိုလိုပါလာတတ်ပြီ ။ ပြောရရင်တော့  ရှောင်းကျန့်အပြင်သွားတဲ့အခါ ရှောင်းကျန့်ရဲ့ကားနောက်ကို သူ့ကားနဲ့လိုက်လာတာမျိုး ။ မဟုတ်ရင်လည်း ရှောင်းကျန့်ရဲ့ကားပေါ်တွင်သာ အတင်းကပ်ပြီးလိုက်လာတာမျိုး ။ အလုပ်ကိစ္စတွေကြောင့် တခြားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါကြရင်လည်း ဝမ်ရိပေါ်က ဘေးကနေတကောက်ကောက် ။ သူများတွေ အထင်လွဲလောက်အောင်လည်း မထိတထိစကားတွေနဲ့ ကပ်ဖဲ့ရပ်ဖဲ့လုပ်သေးတာ ။ သူဌေးရှောင်းအကြောင်းကို သိပ်မသိကြသေးတဲ့ စီးပွားရေးသမားတစ်ချို့ရဲ့
အမြင်မှာတော့ မသိရင်ရှောင်းကျန့်က
ဝမ်ရိပေါ်ဆီကနေ ငွေတွေချေးပြီး စီးပွားရေးကိစ္စတွေကို လုပ်ကိုင်နေသလိုလို ။ ဝမ်ရိပေါ်က သူ့ရဲ့ငွေတံတိုင်းကြီးလိုလို ပြုမူနေတာ ။ ရှောင်းကျန့်မှာ တခြားသူတွေရှေ့ မျက်နှာပူရပေါင်း များနေပြီ ။ ဘယ်လိုတားဆီးနေပါစေ ၊ မောင်းထုတ်နေပါစေ ဝမ်ရိပေါ်က အတင်းလိုက်ကပ်နေတုန်း ။ ရှောင်းကျန့်ကလည်း ပေတေပြီး တင်းခံနေတုန်း ။ ဟုတ်တယ်လေ သူချေးထားတဲ့ပိုက်ဆံမဟုတ်ပဲ သူစိမ်းရဲ့အကြွေးတွေကို ဆပ်ပေးဖို့ရာကတော့ နှမြောမိတာအမှန်ပဲ ။

ယခုလည်း ရှောင်းကျန့်က မြို့ပြင်မှာ အဆောက်အဦးအသစ်အတွက် မြေလာကြည့်ရင်း တခြားပါတနာတွေနဲ့ တွေ့ရမှာကို ဝမ်ရိပေါ်ကလိုက်ပါလာခဲ့ပြန်ပြီ ။ တအားကို အားယားနေလားမသိဘူး အဲ့ဝမ်ရိပေါ် က ။
ရှောင်းကျန့်က ဝမ်ရိပေါ်မသိအောင်ဆိုပြီး ဝမ်ရိပေါ်သူ့ရုံးခန်းထဲကြိုမရောက်မှီအချိန်ကတည်းမြန်မြန်လစ်ထွက်လာခဲ့ပေမယ့် ဘယ်လိုသတင်းရသွားသလဲတော့မသိ ။ သူသတိထားမိတဲ့အချိန်မှာတော့ ဝမ်ရိပေါ်က သူ့ကားအနောက်ကနေပါလာခဲ့လေပြီ ။
သည်တစ်ခါရော ဝမ်ရိပေါ်က သူ့ကို ဘယ်လိုအရှက်ကွဲရအောင် စီစဥ်ထားလဲမသိဘူး ။ ရှောင်းကျန့်တစ်ယောက် ကျောတွေချမ်းလာရပြီး ရတက်မအေးတော့ ။
ကားမောင်းနေတဲ့ကျင်းမူတစ်ယောက်ကလည်းတစ်ခုခုကိုပြောချင်နေသလိုပုံစံနဲ့ဖြစ်နေပေမယ့် သူဟာမပြောရဲဘူး ။ ရှောင်းကျန့်က သူ့ကိုဝမ်ရိပေါ်နဲ့ပက်သတ်ပြီး ဘာစကားမှထပ်ထွက်ဖို့စိတ်မကူးနဲ့လို့ ဆူထားလို့ပင်ဖြစ်တယ် ။ အဲ့တာကြောင့်ပဲ ကျင်းမူကဘာစကားမှမဆိုတော့ပဲ ပါးစပ်ပိတ်ပြီးသာ ကားမောင်းနေခဲ့တယ် ။

WILL YOU.. ? ( Completed ) Where stories live. Discover now