22.

1.5K 127 3
                                    

Unicode

ဝမ်ရိပေါ်ရဲ့ သိသာနေတဲ့ မကြည်မလင်ဖြစ်နေ သောစိတ်ကြောင့် ရှောင်းကျန့်ကဆက်မမေးတော့ပဲ ကျန်းဝမ်ယုနားကို သွားလိုက်တယ် ။

' ကျန်းဝမ်ယု '

သူကြိုက်နေတဲ့ ဝမ်ရိပေါ်ရဲ့ အိမ်ကိုလာပြီး စိတ်ညစ်စရာပုံစံဖြစ်ပျက်နေတဲ့ ထိုအမျိူးသမီးကို ဆောင့်​ဆောင့်အောင့်အောင့်အသံနဲ့ ခေါ်လိုက်တယ် ။ ထိုအခါ ကျန်းဝမ်ယုရဲ့နှုတ်ခမ်းက ချက်ချင်းပြုံးလာပြီး ပိတ်ထားတဲ့မျက်လုံးကိုဖွင့်လို့ ထထိုင်လာတယ် ။ သူထင်တဲ့အတိုင်းပဲ ကျန်းဝမ်ယုက အိပ်ချင်ယောင်ဆောင်နေတာ ။

' ရှင်တကယ်ရောက်လာတာပဲ '

' အခုပုံစံ အပြုအမူက မင်း ဘာလုပ်တာလဲ '

' ရှင်ကြိုက်နေတဲ့ ကောင်လေးကို လာကြည့်တာလေ ကျန့်ရဲ့ '

သူနဲ့ကျန်းဝမ်ယုဆက်ဆံရေးက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အပြီးအပြတ်ရပ်စဲထားပြီးသား ။ အခုမှပြန်လာပြီး ဇာတ်လမ်းလာရှုပ်နေတာကို သူလုံးဝသည်းမခံနိုင် ။
ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်တော့ စိတ်အရမ်းပျက်နေတဲ့ပုံစံနဲ့အတူ လက်ပိုက်ထားပြီးနံရံကိုကျောမှီလို့ သူ့ကိုတည်ငြိမ်စွာကြည့်နေတာနဲ့ ကြုံတယ် ။

အခုချိန်မှာ ရှောင်းကျန့်ရဲ့စိတ်တွေဟာ အလွန်ကို ရှုပ်ထွေးနေပြီး ကြောက်စိတ်နည်းနည်းဖြစ်နေရတယ် ။ ဝမ်ရိပေါ် တစ်မျိုးထင်နေမှာကြောက်တယ် ပြီးတော့ ဝမ်ရိပေါ်ကသူ့ကို စိတ်ပျက်သွားမှာ ၊ သူ့ကိုမစဥ်းစားပေးတော့မှာကို ကြောက်နေမိတယ် ။ တစ်ဖက်မှာလည်း ကျန်းဝမ်ယုကို အရမ်းဒေါသထွက်​နေရတယ် ။ သို့သော် ဝမ်ရိပေါ်ရှေ့မှာ သူဟာဒေါသမထွက်ပြချင်ပါ ။ ဒါကြောင့်မို့ တည်ငြိမ်စွာနဲ့ပဲ ကျန်းဝမ်ယုကို တုန့်ပြန်ချက်ပေးလိုက်တယ် 

' အခုချက်ချင်း ပြန်လိုက်ပါ.. မင်းကိုငါမဆွဲထုတ်ချင်ဘူး '

' ဝမ်ယုက ရှင့်ကိုတောင်တွေ့လို့မဝသေးဘူးလေ
ခဏလောက်နေပါရစေအုံး..
အို.. ပြီးတော့ ဝမ်ယုဆီကနေ ရှင်းပြချက်​လေး နားမထောင်ချင်ဘူးလား '

WILL YOU.. ? ( Completed ) Where stories live. Discover now