8.

1.9K 167 1
                                    

Unicode

ဟင်းရွက်တွေကို ခပ်စိပ်စိပ်ကလေးလှီးဖြတ်နေပုံက ကျွမ်းကျင်တဲ့စားဖိုမှူးတွေလိုပဲ လျှင်မြန်သေသပ်တယ် ။ ဟင်းတွေချက်ပြုတ်ရာမှာလည်း အသုံးကျကျရှိတဲ့ ရှောင်းကျန့်ကို မိန်းကလေးတွေသိပ်သဘောကျရတယ်ဆိုတာကလည်း မဆန်းဘူး ။ မိန်းကလေးတော်တော်များများက ဟင်းချက်တတ်တဲ့ယောကျာ်းလေးကို ကြိုက်ကြတာပဲလေ ။ ဒါနဲ့တစ်ဆိတ်လောက်.. ဝမ်ရိပေါ်ကရော ဟင်းချက်တတ်တဲ့လူမျိုးကို သဘောကျပါသလား?
ကုမ္ပဏီပိတ်တဲ့ရက်ဖြစ်တာကြောင့် ဝမ်ရိပေါ်ကိုမတွေ့ရတော့ တစ်ချက်တစ်ချက်ကျရင် ဝမ်ရိပေါ်အကြောင်းတွေက အတွေးထဲ ဖြတ်ခနဲဝင်ဝင်လာတတ်တယ် ။

ရှောင်းကျန့်က ချက်ပြုတ်တတ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့လည်းနာမည်ကြီးတယ် ။ တကယ်ကိုသူမတတ်တာမရှိတော့ဘူးလားလို့ သူ့ကိုယ်သူတွေးကြည့်မိနေရတဲ့အဖြစ် ။

သူဌေးရှောင်းရဲ့ နားရက်ကတော့ မိုးလင်းကနေစလို့ မီးဖိုချောင်ဝင်ရတာပဲ ။ ဧည့်သည်လာမယ် ဆိုလို့
သူ့အမေနဲ့အတူ ချက်ပြုတ်လုပ်ကိုင်နေရတာဖြစ်တယ် ။ ရှောင်းအိမ်မှာ အလုပ်သမားတွေမရှိဘူး ။ ချက်ပြုတ်ဖို့တာဝန်ကို သူ့အမေကပဲ ယူတယ် ။ ရှောင်းကျန့်ကအားတဲ့ရက်တွေမှာ သူ့အမေကို လုပ်ကူပေးရင်း အဖော်ပြုတယ် ။

ဟင်းအမယ်တွေဟာ တော်တော်လေးကိုစုံလင်နေခဲ့ပြီ ။ အားလုံးအဆင်သင့်ပြင်ဆင်ပြီးသွားတော့ တစ်ကိုယ်လုံး ဟင်းအနံ့တွေစွဲနေပြီဖြစ်တာကြောင့် ရေချိုးခြင်းအမှုကိုစတင်တယ် ။ ရှောင်းကျန့်က
သူ့ခန္ဓာကိုယ် အနေအထားကို သိပ်သဘောကျရတာ ။ သွယ်လျှနေတဲ့ခါးနဲ့  ချပ်ရပ်နေတဲ့ဗိုက်သားဟာ ဆွဲဆောင်မူအပြည့်ပဲ ။ သူဟာသူ့ကိုယ်သူအရမ်းကိုပြည့်စုံတယ်လို့ မှတ်ချက်ပေးပြီးသားပင် ဖြစ်တယ် ။

ရေချိုးလို့ပြီးတော့ ပေါ့ပေါ့ပါးပါးအဝတ်တွေကိုပဲဝတ်ဆင်လိုက်တယ် ။ မကြာခင်မှာ ဧည့်သည်တွေရောက်လာတော့မှာဖြစ်ပေမယ့် ထိုဧည့်သည်တွေက သူ့ဆီလာမှာတော့မဟုတ် ။ သူ့အဖေဆီကိုလာမယ့် ဧည့်သည်တွေသာဖြစ်တယ် ။ သည်အတွက်ကြောင့် သူ့ရဲ့ image နဲ့ပက်သက်လို့တော့ သိပ်အရေးကြီးမနေဘူး ။ ဟူဒီအဖြူရောင်လေးနဲ့ ချည်သားဘောင်းဘီရှည်ကိုဝတ်ဆင်ထားပေမယ့် သူ့ပုံစံကအရမ်းကိုကြည့်ကောင်းနေတုန်းပဲ ။
အားလုံးပြီးစီးလို့ အခန်းထဲကထွက်ဖို့ လုပ်နေတုန်းမှာပဲ သူ့အမေက တံခါးကိုခေါက်လာရင်း

WILL YOU.. ? ( Completed ) Where stories live. Discover now