7.

2K 169 0
                                    

Unicode

ဝမ်ရိပေါ်ပြောပြတဲ့ အကြောင်းအရာတွေကြောင့် နားထောင်နေသူရှောင်းကျန့်အဖို့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပါးစပ်အဟောင်းသားနဲ့ရယ် ။ ဝမ်ရိပေါ်ရဲ့မျက်နှာထားဟာ ပြောနေရင်းတန်းလန်းကို အရောင်မျိုးစုံပြောင်းနေတာ ။ အဆုံးသတ်မှာတော့ မောသွားသည့်နှယ် စားပွဲပေါ်ကရေသန့်ဘူး ကိုယူပြီး အသားကုန်မော့သောက်နေခဲ့တယ် ။ ရေမျိုချနေတဲ့ ဝမ်ရိပေါ်ရဲ့ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ လည်စိအကြီးကြီးကို ငေးကြည့်မိတော့ ရှောင်းကျန့်မှာ ကြက်သီးတောင်ထလာရတယ် ။
ရေသောက်လို့ ပြီးတဲ့နောက် ဝမ်ရိပေါ်က သူ့ကိုတည့်တည့်မတ်မတ်စိုက်ကြည့်လာရင်း..

' ပြောပြပြီးပြီဆိုတော့ အကြွေးပေးတော့ '

' ဒါပဲလား.. '

နဂိုကတည်းက ဆူပုပ်ပုပ်ကလေးဖြစ်နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာဟာ မျက်မှောင်ကျုံ့မူတွေနဲ့ ရောထွေးသွားတယ် ။ သေချာတာကတော့ ရှောင်းကျန့်မေးသလို ဒါပဲလား..ဆိုတော့ဘယ်ကပါ့မလဲ ။
သူမပြောပဲချန်ထားလိုက်တာတွေရှိသေးတယ် ။ ထိုအကြောင်းအရာတွေကတော့ ရှောင်းကျန့်က အိပ်နေရင်း ' ပါးဖောင်းဖောင်းနဲ့ ဘော့စ်ဝမ်က ချစ်ဖို့ကောင်းတယ် ' တို့ နောက်ထပ် ' ဝမ်ရိပေါ်က ကလေးလေး ' ဆိုတာမျိုးတွေပေါ့ ။ ဝမ်ရိပေါ်မှာ တွေးကြည့်မိရုံနဲ့ ဒေါသတွေအလိပ်လိုက်ထွက် ။

' ခင်ဗျားပြောတဲ့ ဒါပဲလား ဆိုတာထက်ဆိုးသေးတယ် '

' ကိုယ်တကယ်ပဲ မနေ့ညက မင်းပြောသလိုအခြေအနေအထိဖြစ်ခဲ့တာလား '

' ဟ..  ဒါဆိုကျွန်တော်က မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတယ်များထင်နေလို့လား....
နေပါဦး ခင်များတကယ်ပဲ မမှတ်မိတာလား မမှတ်မိချင်ယောင်ဆောင်နေတာလား '

ရှောင်းကျန့်က အတင်းကာရော စဥ်းစားကြည့်လိုက်တော့ မသည်းကွဲတဲ့ တစ်စွန်းတစ်စပုံရိပ်တွေသာ ထွက်လာတယ် ။ သူတကယ်ကို မမှတ်မိနေတာ ။ သူ့ဗီဇကိုက alcohol ဝင်လို့ အရမ်းမူး​လာပြီ
ဆိုတာနဲ့ နောက်ဆက်တွဲတွေကို မမှတ်မိတတ်တဲ့ ဗီဇမျိုးပဲ ။

' မနေ့ညက ပါတီမှာ ကိုယ်သောက်တာအရမ်းကိုများသွားတယ်... ကိုယ်တကယ်ကိုမမှတ်မိတာပါ ဘော့စ်ဝမ် '

WILL YOU.. ? ( Completed ) Where stories live. Discover now