4.

2.5K 192 2
                                    

Unicode

မနက်ဖြန်ပြန်လာခဲ့မယ် ဆိုပြီးပြောခဲ့တဲ့
ဝမ်ရိပေါ်ဟာ တကယ်ကြီး သူ့ရုံးခန်းထဲမှာ ရောက်နေပြန်ပါတယ် ။ ရှောင်းကျန့်ရုံးလာတဲ့အချိန်ထက်တောင် ကြိုရောက်နေတယ်ဆိုတော့ ဝိရိယကလည်းရှိပါ့ ။
ပြီးတော့ ထုံးစံအတိုင်းပဲ စီးကရက်ကိုလက်ကြားထိုးထားတာ ။ ရုံးခန်းထဲသောက်လို့မရပါဘူးလို့ပြောထားတာကို...

'' မင်းတကယ်ရောက်လာတာပဲ ဘောစ့်ဝမ် ''

ဝမ်ရိပေါ် ကဘာမှပြန်မပြော ။ ဆိုဖာပေါ် ကျောမှီချထားပြီး ဆေးလိပ်အသောက်မပျက်ပဲ ရှောင်းကျန့်ကိုမထီမဲ့မြင်အကြည့်နဲ့ ကြည့်နေတာ ။ မသိရင် ဒီကုမ္ပဏီရဲ့ သူဌေးက သူမဟုတ်ပဲ ဝမ်ရိပေါ်ကျလို့ ။

'' ကိုယ့်ကို လေးလေးစားစားဆက်ဆံဖို့ အစီအစဥ်မရှိဘူးလား.. ဒီလိုဆို ဟိုလူရဲ့အကြွေးတွေကို ကိုယ်ဆပ်ပေးမှာမဟုတ်ဘူးနော် ''

ပါးစပ်ထဲက စီးကရက်အငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ရှောင်းကျန့်ကိုစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်က တကယ်ရိုက်သတ်ချင်စရာလေး ။ သည်ကနေ့အဖို့ စကားပြန်ပြောဖို့အစီအစဥ်မရှိဘူး ထင်ပါတယ် ။ ရှောင်းကျန့်ကလည်း စိတ်ပျက်လက်ပျက်နဲ့ဖြစ်သွားပြီမို့ ဘာမှထပ်ပြောမနေတော့ပဲ သူ့အလုပ်စားပွဲမှာထိုင်ပြီး လုပ်စရာရှိတာကိုသာ လုပ်နေတော့တယ် ။
သူ့မှာအလုပ်သာလုပ်နေတာ စိတ်ကမဖြောင့် ။ ဝမ်ရိပေါ်ကို မသိမသာနဲ့ မျက်လုံးလှန်လှန်ကြည့်ရတာအမော ။ စီးကရက်မသောက်နေတော့ပဲ ဖုန်းထိုင်နှိပ်နေပုံက ကြည့်ရတာ ဒီရုံးခန်းကနေပြန်တော့မယ့်ပုံမပေါ်ဘူး ။ သူကြည့်နေတုန်းမှာပဲ ဝမ်ရိပေါ်ဟာ သူ့ဘက်ကိုလှည့်ကြည့်လာတယ် ။ ရှောင်းကျန့်ကလည်း သူကြည့်နေတာကို ဝမ်ရိပေါ်က သိသွားလို့ ရှက်သွားမယ်မထင်နဲ့ ။ သူကလည်း မရှောင်ပဲဒီအတိုင်းသာ ဆက်ကြည့်နေလိုက်တယ် ။ ကြည့်ရုံတင်ပဲတောင်မဟုတ်ဘူးနော် နှုတ်ခမ်းပါးလေးကပါ တွန့်ကွေးနေအောင် ပြုံးပြထားသေးတာ ။

'' ခင်ဗျား ဘာပြုံးနေပြန်တာလဲ ''

'' စကားပြောပြီပေါ့လေ ''

'' ဟေးဒီမှာ ခင်ဗျား ကျွန်တော့်ကိုကြည့်ကြည့်ပြီးမပြုံးနဲ့ ''

WILL YOU.. ? ( Completed ) Nơi câu chuyện tồn tại. Hãy khám phá bây giờ