23.

1.5K 123 2
                                    

Unicode

ဝမ်ရိပေါ်ရဲ့ဘေးမှာပါလာတဲ့သူဟာ နိုင်ငံခြားဆန်တဲ့ရုပ်နဲ့ဖြစ်ပြီး အသက်ကလည်း ဝမ်ရိပေါ်လောက်ပဲရှိလောက်မယ့် ကောင်လေးတစ်ယောက်ဖြစ်တယ် ။ရှောင်းကျန့်ရဲ့စူးစမ်းအကဲခတ်ကြည့်မူအရ ပြောရရင် ထိုကောင်လေးကလည်း တော်တော်​လေးကြည့်ကောင်းတယ် ။ သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ထိုနိုင်ခြားရုပ်နဲ့ကောင်လေးကို မြင်မြင်ချင်းကတည်းက ကြည့်မရတာပါ ။

ဝမ်ရိပေါ်က ရယ်မောစွာဖြင့်လျှောက်လာနေရင်း ရှောင်းကျန့်ထိုင်နေတဲ့ စားပွဲဝိုင်းတွေရှိရာဘေးတစ်ဖက်ခြမ်းက ခုံတစ်ခုမှာရပ်တန့်သွားတယ် ။ ပြီးနောက်ဝမ်ရိပေါ်က ထိုစားပွဲမှာ သူ့နဲ့ပါလာတဲ့ ကောင်လေးနဲ့မျက်နှာချင်းဆိုင်ထိုင်ချလိုက်တယ် ။ ရှောင်းကျန့်နဲ့ဆိုရင်တော့ အနည်းငယ်ကွာဝေးပြီး မျက်စောင်းထိုးပုံစံအနေအထားဖြစ်တယ် ။

သူကဝမ်ရိပေါ်ကို မျက်တောင်မခက်သေချာလိုက်ကြည့်နေတာမို့ သူ့ကို ပြန်ကြည့်လာနေတဲ့ဝမ်ရိပေါ်ကို သေချာမြင်နေရတယ် ။ ဝမ်ရိပေါ်ရဲ့မျက်နှာထက်မှာ ခုနကလို ရယ်မောနေခြင်းမရှိနေတော့ပဲ မထိတထိ အပြုံးတွေသာဖန်တီးထားပြန်တယ် ။ အဲ့ဒီဝမ်ရိပေါ်ရဲ့ မထိတထိအပြုံးကြီးက သူ့ကိုကြက်သီးထစေတယ် ။ သူ့ကိုမှတမင်အဲ့လိုမျိုးပုံစံနဲ့ ပြုံးပြနေသလိုမျိုး ။

နောက်တော့ ဝမ်ရိပေါ်က သူနဲ့အတူပါလာတဲ့​ကောင်​​လေးဆီမှာပဲ အကြည့်ရောက်သွားပြီး နောက်ထပ်တစ်ဖန် ရယ်နေပြန်တယ် ။ စကားတွေပြောလိုက် ရယ်နေလိုက်နဲ့ အရမ်းကို ပျော်ရွှင်နေသလိုမျိုး ။ ရှောင်းကျန့်အတွက်ကတော့ သူမဟုတ်တဲ့ တခြားသူနဲ့ပါလား ဆိုတဲ့စိတ်က တော်တော်လေးကိုအဆင်မပြေနေပေ ။

ရှောင်းကျန့်က အခုချိန်မှာ ဘာကိုမှမသိတော့ပဲ သူနဲ့မျက်စောင်းထိုးစားပွဲက ဝမ်ရိပေါ်နဲ့ နောက်တစ်ယောက် ဆီမှာသာ အာရုံရှိတော့တယ် ။ အဲ့​ကောင်​​လေးနေရာမှာ သူသာဖြစ်လိုက်ချင်ပြီး ရယ်နေတဲ့ ဝမ်ရိပေါ်ကို ရင်ဘက်ထဲသာထည့်သိမ်းထားလိုက်ချင်တာ ။ ဒါမှမဟုတ်လည်း ဝမ်ရိပေါ်ကို ဆွဲခေါ်သွားပြီး ထိုကောင်လေးနဲ့ဝေးဝေးမှာ သွားထားလိုက်ချင်စိတ်က တဖွားဖွား ။ သူကလွှဲလို့ ဝမ်ရိပေါ်ကို တခြားဘယ်သူနဲ့မှ ရှိနေတာကို မမြင်ချင်တော့လောက်အောင် သဝန်တိုမိနေတာ ။

WILL YOU.. ? ( Completed ) Where stories live. Discover now