Final extra

2K 100 4
                                    

Unicode

စိတ်ကောက်နေတဲ့ ဘေဘီဝမ် ~~

ဒွီး...ဒွီး ...

ရှောင်းကျန့် ရုံးခန်းထဲမှာအစည်းအဝေးလုပ်နေတုံးဖုန်း vibrate သံကကျယ်လောင်စွာထွက်လာတယ် ။ ခေါ်ဆိုသူကတော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်သူလေးဝမ်ရိပေါ်ပင် ။ ရှောင်းကျန့်က ချက်ချင်းပဲဖုန်းကိုင်လိုက်ပြီး ရုံးခန်းကိုပြင်ခနထွက်လာလိုက်တယ် ။

" ရိပေါ်..ကိုယ်အစည်းအဝေးလုပ်နေတာ ခနမှပြန်ခေါ်လိုက်မယ်လေ " 

"ပြန်မခေါ်နဲ့တော့အဲ့အစည်းအဝေးပဲလုပ်နေလိုက် "

ပြောပြီးတာနဲ့ တစ်ပြိုင်နက် ဝမ်ရိပေါ်ကဖုန်းချသွားတယ် ။ ရှောင်းကျန့်က ကျသွားတဲ့ဖုန်းကိုကြောင်တောင်တောင်လေးကြည့်နေမိတယ် ။ ဒါ.. ဝမ်ရိပေါ်က သူ့ကိုရွဲ့ပြောသွားတာမလား ? အသံအနေအထားကလည်း သိပ်မူမမှန်ဘူး ။ ဘာဖြစ်တာများလဲ ။ ဖုန်းပဲထပ်ခေါ်လိုက်ရတော့မလိုလိုဆိုပေမယ့် အထဲမှာကအစည်းအဝေးလုပ်နေရတုံး ။ သူကသူဌေးတစ်ယောက်ဖြစ်နေတော့လည်း ဖုန်းပြန်ခေါ်ဖို့ကိုနောက်ဆုတ်လိုက်ပြီး အစည်းအဝေးဆက်လုပ်ဖို့ ရုံးခန်းထဲပြန်ဝင်လိုက်တော့တယ် ။
သူဌေးရှောင်းရဲ့အလုပ်ဆီအာရုံစိုက်နိုင်စွမ်းပျောက်ရှမူက စတင်လာခဲ့ပြီ ။ ဘယ်လောက်ပဲ အလုပ်အကြောင်းဆွေးနွေးနေပါစေ သူစိတ်မပါတော့ဘူး ။ အတွေးက ဘာဖြစ်သွားမှန်းမသိတဲ့ဝမ်ရိပေါ်ဆီရောက်နေတာပင် ။ ဖုန်းထဲကဝမ်ရိပေါ်ရဲ့အသံက အရင်နဲ့အရမ်းကိုကွဲပြားနေတယ် ။ စိတ်တိုနေတာလိုမျိုးလေ ။... အားးး... ဝမ်ရိပေါ်ဆီအမြန်ပြေးသွားချင်စိတ်ကြောင့် သူတကယ်ကိုရွစိစိနဲ့ဖြစ်နေပြီ ။ ဘယ်လိုမှ အလုပ်ထဲအာရုံမရတော့တာကြောင့် အစည်းအဝေးကို တစ်ဝက်တစ်ပြတ်နဲ့အဆုံးသတ်လိုက်ရတော့တယ် ။ ဒါလား အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားတတ်တယ်ဆိုတာ ။ တကယ်​တော့ အဲ့စကားက သိပ်မမှန်တော့ဘူး ။ ဝမ်ရိပေါ်ကြောင့်သာဆိုရင် အလုပ်နဲ့ကိုယ်ရေးကိုယ်ရေးကိုယ်သာကို မခွဲခြားနိုင်တော့တဲ့ ရှောင်းကျန့်ရယ်ပါ ။
ရုံးခန်းထဲကလူတွေထွက်သွားတာနဲ့ ဝမ်ရိပေါ်ဆီ အမြန်ဆုံးဖုန်းခေါ်ပေမယ့် မကိုင်တော့ဘူး ။ ထပ်ခါထပ်ခါခေါ်နေတာတောင် လုံးဝဖုန်းကိုင်လာခြင်းမရှိပါ ။ message တွေဆက်တိုက်ပို့သော်လည်း တုန့်ပြန်ချက်မရှိလာဘူး ။ စိတ်တွေပူလောင်ရတာမို့ ဝမ်ရိပေါ်ဆီသာ လိုက်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ် ။ ဒီကလေးတစ်ခုခုကိုစိတ်ကောက်နေတာဖြစ်မယ် ။ သူရဲ့ဝမ်ရိပေါ်က စိတ်ကောက်ရင်နည်းနည်းချော့ရခက်တယ်ဆိုတာ ကြုံဖူးထားပြီးပြီ ။ အခုလည်းဘာကောက်နေပြီလည်းမသိဘူး ။

Você leu todos os capítulos publicados.

⏰ Última atualização: Apr 21, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

WILL YOU.. ? ( Completed ) Onde histórias criam vida. Descubra agora