34.

1.6K 124 6
                                    

Unicode

ငါးရက်တာမတိုင်ခင် ~~

ဝမ်ရိ​ပေါ်ကရှောင်းကျန့်တို့သားအဖကို လိုက်ပို့ပေးပြီးနောက် ကားကိုအမြန်နှုန်းနဲ့မောင်းချလာခဲ့တယ် ။ အိမ်ပြန်ရောက်တော့ သူ့အဖေက နဂိုအတိုင်းထိုင်နေတုန်းဖြစ်တယ် ။ ကြည့်ရတာ သူ့ကိုစောင့်နေတာထင်ပါတယ် ။

သူဝင်လာကတည်းက​နေ ထိုင်ချလိုက်ပြီးတဲ့အထိ သူ့အဖေကသူ့ကိုမျက်စိမလွှဲသေချာလိုက်ကြည့်နေတာပင် ။သို့ဖြင့် ဝမ်ရိပေါ်ဘက်ကနေပဲ စကားစခဲ့လိုက်တယ် ။

' ကျွန်တော့်ကို သေချာရှင်းပြသင့်တယ်မထင်ဘူးလား ပါး '

' ဘာကိုရှင်းပြဖို့လိုသေးလို့လဲ '

ဝမ်ရိပေါ်မှာ ချမိတဲ့သက်ပြင်းတွေကလည်း အကြိမ်ကြိမ်ပါပဲ ။ သူ့အဖေလုပ်ပုံနဲ့ သူ့မှာ အသက်တိုချင်တယ် ။ ရှောင်းကျန့်ရဲ့မိဘတွေသူ့ကို မကြည်တော့မှာ အလွန်ကိုစိုးရိမ်နေရတာက တစ်ကြောင်းမို့ စိတ်တိုတိုနဲ့တရစပ်မေးလိုက်ခဲ့တယ် ။

' ဘာလို့ရှောင်းကျန့်ကို ပြန်ပေးဆွဲတာလဲ ။
ရှောင်းကျန့် အဖေကိုခေါ်တာကရော ဘာလဲ ။ ပြီးတော့ဘာပြသနာတွေဖြစ်ခဲ့ကြတာလဲ ။ ပါးက ရှောင်းကျန့်အဖေကို ဘာတွေပြောလိုက်ရတာလဲ '

' မေးခွန်းတွေများလိုက်တာ ငါ့သားရယ် ...
ကဲပါ အဲ့လောက်သိချင်နေသပါ့ဆိုရင်လည်းပြောပြရတာပေါ့ ။
နံပါတ် 1 .ရှောင်းကျန့်ကို ပြန်ပေးဆွဲတာမဟုတ်ဘူး မြင်ဖူးချင်လို့ခေါ်လာရုံပဲ ။
နံပါတ် 2. ရှောင်းကျန့်အဖေကိုခေါ်ခိုင်းတာကလည်း မျက်နှာချင်းဆိုင်တွေ့ဖူးချင်လို့ပါပဲ ။
နံပါတ် 3. ဘာပြသနာမှ မဖြစ်ခဲ့ဘူးလို့ပဲ ပြောရမယ်။
နံပါတ် 4. ပါးသူ့ကိုပြောလိုက်တာတွေက မင်းနဲ့သူ့သားရဲ့ကိစ္စတွေပဲ.. အာ..ကောင်းတဲ့ကိစ္စနော် တခြားမထင်နဲ့ ။ '

ကြားလိုက်ရတဲ့ဟာတွေက နည်းနည်းမှယုတ္တိမတန်လောက်စရာတွေပဲ ။ သို့ပေမယ့်သူ့အဖေက တမူ ထူးခြားပါတဲ့ သည်လိုလူမျိုးဖြစ်တယ် ။ အဲ့တာကြောင့်ပဲ ဝမ်ရိပေါ်အမေက ဝမ်ရိပေါ်အဖေကိုကွာရှင်းပြီး ထားသွားတာပင် ။

' ပါးရာ ဘယ်လိုတွေလဲ ပါးလုပ်ပုံက ခေါ်ကစားသလိုဖြစ်နေပြီ ကျွန်တော်တော့သေချင်တယ် '

WILL YOU.. ? ( Completed ) Where stories live. Discover now