24.

1.6K 115 3
                                    

Unicode

ဝမ်ရိပေါ်ကတော့ ပုံမှန်အတိုင်း သူ့ကိုမျက်လုံးပင့်ပြလာပြီး ဝမ်ရိပေါ်နောက်မှာ ရပ်နေတာဖြစ်တဲ့ သူငယ်ချင်းဆိုသူကောင်လေးကတော့ သူ့ကိုရယ်ပြရင်း လက်ပြနှုတ်ဆက်နေတာ ။ သူထင်ထားသလိုမျိုး မဟုတ်တဲ့အခါ စိတ်ထဲအဆင်မပြေဖြစ်နေရတော့လည်း လူမူရေးအရပြန်ပြုံးပြလိုက်ရတော့တယ် ။

' ဟေးး ကျွန်တော်တို့ကို ဒီအတိုင်းပဲရပ်ခိုင်းထားတော့မို့လား '

ဝမ်ရိပေါ်က စိတ်မရှည်တော့တဲ့ အမူအရာနဲ့ပြောလာတယ် ။ သူရပ်နေရတာ ၅ မိနစ်တောင်ကြာသေးတာမဟုတ်ပဲကို ။

' ဝင်ပါဗျာ... '

' ဒါနဲ့ ကျွန်တော့်သူငယ်ချင်းကို ခေါ်လာတာအဆင်ပြေတယ်မလား '

' သြော်..အင်း..ပြေတာပေါ့ ဘောစ့်ဝမ် '

ရှောင်းကျန့်က အင်တင်တင်နဲ့ ပြေတယ်လုပ်လိုက်ရတော့တာပဲ ။ မပြေလည်းပြေရမှာပဲပေါ့ ခေါ်လာတဲ့သူကခေါ်လာပြီးမှတော့ အဆင်မပြေဘူးဆိုပြီး မောင်းထုတ်လိုက်လို့မှမရပဲ ။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ရဲ့ပုံစံကိုကြည့်ပြီး မသိမသာ ပြုံးစိစိနဲ့ဖြစ်နေရပြီး ရယ်ချင်နေမိတယ် ။ ရှောင်းကျန့်ရဲ့ မျက်နှာပိုးက အဆင်မပြေဘူး မကြိုက်လို့ ပြောနေတာများ အဲ့လောက်သိသာနေတာ ။ ဝမ်ရိပေါ်က ရှောင်းကျန့်သဘောမကျမှာမှန်းသိလို့ကို သူ့သူငယ်ချင်းကိုတမင်ခေါ်လာခဲ့ခြင်းဖြစ်တယ် ။
လျှောက်လမ်းကနေတစ်ဆင့် အထဲကိုရောက်တော့ စားပွဲပေါ်မှာ ပြင်ဆင်ထားတဲ့ ဝိုင်တွေဘာတွေတွေ့လိုက်ရတော့ သူ့မှာ ကြက်သီးတောင်ထရတယ် ။ မသိရင် ချစ်သူနှစ်ဦးတွေ့ဖို့အတွက် ရိုဆန်ဆန်ပြင်ဆင်ထားသလိုမျိုးနဲ့တူနေပြီ ။

' ရိပေါ်.. '

သူ့သူငယ်ချင်းက သူ့နားနားကပ်လာပြီး တိုးတိုးလေးခေါ်လာပြီး

' မင်းပါးတွေ နည်းနည်းနီလာတယ် '

' ဘာ '

ဝမ်ရိပေါ်က သူ့ပါးကိုသူ ရုတ်တရက်လက်နှစ်ဖက်နဲ့  အုပ်မိသွားတယ် ။ ရှက်ရမ်းရမ်းစွာနဲ့ ဘေးကကောင်ကိုမျက်လုံးပြူးပြလိုက်တော့  သူ့သူငယ်ချင်းကောင်က ပြုံးဖြီးဖြီးနဲ့ လုပ်ပြနေတာ ။

WILL YOU.. ? ( Completed ) Donde viven las historias. Descúbrelo ahora