21.

1.5K 123 3
                                    

Unicode

နံရံထောင့်က အစုအပုံလိုက်ဖြစ်နေတဲ့ များစွာသောမုန့်ထုတ်တွေကိုဝမ်ရိ​ပေါ်ကလက်ပိုက်လို့ ရပ်ကြည့်နေတယ် ။ ရှောင်းကျန့် လုပ်ပုံနဲ့ နောက်ကျရင် သူ့ရုံးခန်းက မုန့်ထုတ်တွေနဲ့ ပြည့်လျှံသွားမလား​တောင်ထင်ရတယ် ။ သူ့ကို အဲ့ဒီလူကြီးက ကလေးများမှတ်နေသလားမသိပါ ။  စိတ်ထဲကနေ တွေးရင်းနဲ့အတူ လက်မှာပတ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ နေ့လည် ၁ နာရီ ။ ဒီအချိန်ဟာ ပုံမှန်ရှောင်းကျန့်လာတတ်တဲ့အချိန်ထက်ကျော်လွန်နေခဲ့ပြီ ။
ဝမ်ရိပေါ်တစ်ယောက် တံခါးကိုကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့ သက်ပြင်းတချချ ။ အဲ့ဒီရှောင်းကျန့်ဆိုတဲ့လူက ထူးထူးဆန်းဆန်းပဲ ရောက်မလာသေး ။
ပိတ်ထားတဲ့ တံခါးချပ်ကို စိုက်ကြည့်နေတုန်းမှာပဲ တံခါးခေါက်လာသံကိုကြားလိုက်ရတယ် ။

' ဒေါက် ဒေါက် '

နှစ်ချက်လောက်ခေါက်အပြီးမှာ တော့ ရှောင်းကျန့်အသံမဟုတ်တဲ့ တခြားလူရဲ့အသံက

' ဘောစ့်... ဘောစ့်အတွက် ပစ္စည်းရောက်လာလို့ '

ဝမ်ရိပေါ်က စိတ်မပါလက်မပါနဲ့ တံခါးသွားဖွင့်လိုက်ပြီး ထိုလူလက်ထဲကဟာကို ကြည့်လိုက်တော့ ပန်းစည်းအကြီးကြီးနဲ့ မုန့်တွေထည့်ထားတဲ့ အထုတ်ကြီးတစ်ထုတ် ။ သိပ်တွေးစရာမလိုတော့ပါဘူး ပို့လိုက်သူကရှောင်းကျန့်ဖြစ်တယ်ဆိုတာကို ။

' ဘယ်သူလာပို့သွားတာလည်း '

ရှောင်းကျန့်ကိုယ်တိုင်ရောက်လာပြီးလားဆိုတာသိချင်တာကြောင့် ဝမ်ရိပေါ်ကမေးလိုက်ခြင်းပင်

' ဒီဟာပို့လိုက်သူရဲ့ အတွင်းရေးမှူးလို့ပြောတယ် ဘောစ့် '

... သြော် ဒါဆို ဟိုအသုံးမကျတဲ့ကြောင်တောင်တောင်ကောင်ပေါ့....

ဝမ်ရိပေါ်က ထိုပန်းစည်းကြီးနဲ့မုန့်ထုတ်ကို ယူထားလိုက်ခဲ့တယ် ။ ပန်းစည်းကြီးကို သေချာကြည့်လိုက်တော့ ပန်းတွေကြားထဲမှာ ပိုစ့်ကဒ်လေးတစ်ခါညှပ်ထားကိုတွေ့လိုက်တာတော့ ယူပြီးထိုကဒ်လေးကိုဖွင့်လိုက်တယ် ။ ပိုစ့်ကဒ်လေးထဲမှာပါတဲ့စာကတော့

WILL YOU.. ? ( Completed ) Tahanan ng mga kuwento. Tumuklas ngayon