1.

10.3K 314 5
                                    

Unicode

စွပ်စွပ်​ဖြူနေပါသော shirt ကို ကိုယ်ပေါ်လွှားလိုက်ရင်း  ကြယ်သီးတွေကို စနစ်တကျတပ်နေပုံက သာမန်ကာလျှံကာတောင်မဟုတ် ။ ကြယ်သီးပြားလေးတွေကိုအလုံးစုံတပ်ဆင်ပြီးနောက် shirt ရဲ့အောက်ဖျားတွေကို ခါးနဲ့ Fit ဆိုဒ်ဖြစ်နေတဲ့ Style pant အနက်ရောင်ခါးပတ်အောက်ထဲ အတွန့်ရာတွေမရှိရအောင်ထိုးထည့်လိုက်တယ်။ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ကိုယ်လုံးကို အထက်အောက်စုံဆန်လှည့်ပတ်ကြည့်ရူ့ပြီး မျက်လုံးတွေကိုမှေးကျဥ်းလို့ ခေါင်းတစ်စက်စက်ညိမ့်ရင်း...သဘောက ဒီလောက်နဲ့တောင် သူသိပ်စမတ်ကျနေပြီပေါ့ ။ အဝတ်စားခန်းထဲမှာ နောက်ဆုံးအဆင့်အနေနဲ့ ကိုယ်လုံးပေါ်မှန်ဘေးက ဗီဒိုကြီးထဲကနေ ကုတ်အနက်ရောင်တစ်ထည်ကို ရွေးထုတ်လိုက်တယ် ။
Shirt အဖြူပေါ် ထိုကုတ်ကို ထပ်ဝတ်လိုက်တဲ့အခါ
သူနဲ့သိပ်လိုက်ဖက်ပုံက ပြောစရာတောင်မလို ။
ဒါကြောင့်အရပ်ရှည်​တဲ့ယောကျာ်းတွေက ဘာဝတ်ဝတ်လိုက်တယ်လို့ပြောကြတာ...သူ့အတွက်ကတော့ ပြီးပြည့်စုံတဲ့ ချောမောခြင်းတွေပါပေါင်းထည့်ထားတာ ။
မှန်ရှေ့မှာ ရပ်လို့မပြီးတဲ့ ရှောင်းကျန့်ဟာ သူ့ပုံစံသူ သိပ်ကြိုက်တာဖြစ်တယ် ။ သူက Style ကျကျဝတ်စားတတ်သူဖြစ်ပြီး သူ့ရဲ့ image ကိုအထိခိုက်မခံနိုင်တဲ့လူစားမျိုး ။

အဝတ်အစားလဲခန်းထဲကနေထွက်လာပြီး အလုပ်စားပွဲပေါ်က လက်ဆွဲအိတ်နဲ့ ကားသော့ကို ကောက်ယူလို့ တစ်နေ့တာရဲ့ အလုပ်တာဝန်အတွက် ခရီးနှင်ရန်စတင်လိုက်တော့တယ် ။
.
.
အထက်တန်းဆန်တဲ့ အထက်လူကြီး....
နဂိုမိသားစုနောက်ခံကိုက သိပ်ချမ်းသာတဲ့ အဆင့်အတန်းထဲက ရှောင်းကျန့်ဟာ အနည်းငယ်တော့ မာနကြီးသူ​​ဖြစ်တယ် ။ အရာရာမှာ ထက်မြက်ပြီး သူ့လက်အောက်ကဝန်ထမ်းတွေရဲ့လေးစားမူကို လက်ခံရရှိထားတဲ့ အသက်ငယ်ငယ် လုပ်ငန်းရှင် ။
စီးပွားရေးလောကမှာ နာမည်ကြီးတဲ့ ရှောင်းကျန့်က အသက် ၃၀ အရွယ် ခန့်ညားပြီးသိပ်ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက် ။ သူဟာ အရမ်းကိုပြည့်စုံတဲ့ ယောကျာ်းတစ်ယောက်ဖြစ်တာထက်ပိုတယ် ။
.
.
အလုပ်စားပွဲကထိုင်ခုံနောက်ကျောမှာမှီရင်း လက်က ဖိုင်တွဲတစ်ခုကိုကိုင်ထောင်ထားပြီးအချက်အလက်တွေကို စစ်ဆေးနေတဲ့ပုံစံက လုံးဝ ဘောစ့်ဆန်ဆန်ဖြစ်တယ် ။ ဘေးမှာရပ်နေတဲ့ သူ့ရဲ့ အတွင်းရေးမှူးဖြစ်သူက အားကျအမှုအပေါင်းနှင့် မျက်လုံးတွေက အရောင်တလက်လက်ထလို့ ။ ဖိုင်ကိုသာလျှင်မျက်လုံးရှိနေတာဖြစ်တဲ့ ရှောင်းကျန့်က လေသံအေးလေးနဲ့ ဆိုလိုက်တယ်

WILL YOU.. ? ( Completed ) Where stories live. Discover now