17.

1.7K 150 4
                                    

Unicode

' ကျင်းမူ.. ငါတို့ ကလပ်သွားရအောင် '

' ဗျာ.. အခုလား '

' အေးလေ.. အခုမှ ၈ နာရီပဲရှိသေးတာ '
.
.
ရှောင်းကျန့်ကို စောတကမတက်ရဲတဲ့ ကျင်းမူတစ်ယောက် နောက်ဆုံးတော့လည်း ရှောင်းကျန့်ခေါ်ဆောင်ရာ ကလပ်ကို ရောက်လာခဲ့ရတော့တယ် ။
နှစ်ယောက်သား လက်ရှိရောက်လာခဲ့တဲ့ ကလပ်ဟာ အရင်တစ်ခါက သူတို့သူငယ်ချင်းငါးယောက်ဆုံခဲ့တဲ့ Devourer ကလပ်ပင်ဖြစ်တယ် ။ ဒီကလပ်က တော်တော်လေးကို နာမည်ကြီးပြီး ကျယ်လည်းကျယ်တယ် ။ ရှောင်းကျန့်အတွက် မိန်းကလေးတစ်ယောက်လောက်ကတော့ သေချာပေါက်ရနိုင်လောက်တယ် ။

ဆိုဖာခုံကျယ်တွေရှိတဲ့ စားပွဲတစ်ခုမှာ ထိုင်လိုက်တာနဲ့ ဟော့ရမ်းရမ်းဝတ်စားထားတဲ့ ကောင်မလေးတွေက ချက်ချင်းရောက်လာကြတယ် ။ သို့သော် သူမနှစ်မြို့ချင်ဘူး ။ ဒီမိန်းကလေးက ဟိုပေါ်ဒီပေါ်နဲ့ သိပ်ဟော့လွန်းတယ် ။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျင်းမူကိုကြည့်လိုက်တော့ အရမ်းတွေသဘောကျနေတယ်ထင်ပါရဲ့ မျက်လုံးနှစ်လုံးကအရောင်တွေတောက်နေလိုက်တာများ ။

သူ့နားရစ်သီ ရစ်သီ လုပ်နေတဲ့ ကောင်မလေးတွေကို အာရုံစိုက်မနေပဲ အရက်ခွက်ကိုကိုင်လို့ ဟိုကြည့်ဒီကြည့် လုပ်နေလိုက်တယ် ။ ရောင်စုံမီးတွေနဲ့အတူ ကခုန်ပျော်ပါးနေကြသူများကလည်း နည်းနည်းနှောနှောပင်မဟုတ်ဘူး ။ ဒီနေ့ကဘာနေ့မို့လို့ လူတွေဒီလောက်များရတာလည်း ။ ပုံမှန်လည်းဒီလိုပဲလား ။ ကောင်မလေးတစ်ယောက်လောက်နဲ့ ပျော်ပါးချင်လို့ ကလပ်ကိုရောက်လာပါတယ်ဆိုမှ သူ့မှာစိတ်ရှုပ်ချင်လာရတယ် ။ မလိုက်ချင်လိုက်ချင်နဲ့ သူအတင်းဆွဲခေါ်လို့ပါလာရတဲ့ ကျင်းမူကတော့ သူ့အစားပျော်ပေးနေတယ်ထင်ပါရဲ့ ။ ဒီလိုနဲ့ပဲ များပြားလှတဲ့ လူတွေကိုကြည့်နေရင်းမှာ သူရင်းနှီးနေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ် ။ ထိုလူကတခြားသူတော့မဟုတ် ဝမ်ရိပေါ်သာဖြစ်တယ် ။
များလွန်းတဲ့လူတွေကြားထဲမှာတောင် ဝမ်ရိပေါ်ကို ကွဲပြားစွာပဲ မြင်နေရတယ် ။
ဦးနောက်ထဲမှာ ဘာအတွေးမှမရှိနေတော့ပဲ Dance floor ဆီကိုဦးတည်သွားနေတဲ့ ဝမ်ရိပေါ်နောက်ကို လျှင်မြန်စွာနဲ့ ပြေးလိုက်မိတယ် ။ ဟိုလူကိုရှောင်လိုက် ဒီလူကိုရှောင်လိုက်နဲ့ လူတွေများလွန်းတာကြောင့် သူလိုက်နေတုန်းမှာပဲ ဝမ်ရိပေါ်က ပျောက်သွားပြန်တယ် ။ ကနေတဲ့လူတွေကြားထဲမှာ ရပ်လို့ သူတစ်ယောက်တည်း ရင်တွေမောနေရတယ် ။ ပတ်ပတ်လည်ကို ကြည့်နေမိသော်လည်း မတွေ့တော့ဘူး ။ စိတ်ထဲမှာလည်း မသေချာမရေရာတဲ့ အတွေးတွေနဲ့... ဟုတ်ပါတယ် ဝမ်ရိပေါ်ပါ.. ဘယ်ပျောက်သွားရတာလဲကွာ.. ။ လက်မှိုင်ချရင်း သူထိုင်နေတဲ့စားပွဲဆီသာ ပြန်သွားဖို့ နောက်လှည့်လိုက်သောအခါ...
ပုံမှန်ထက် အဆ ၁၀၀ လောက်မြန်နေတဲ့ရင်ခုန်နှုန်းတွေက တစ်ချက်တစ်ချက်ခုန်နေတိုင်း ဝမ်ရိပေါ်.. ဝမ်ရိပေါ် ဆိုပြီးပြောနေသလိုမျိုး ။ စိတ်လှုပ်ရှားမူကြောင့် ချွေးစေးတွေပြန်လာတယ် ။ ဝမ်ရိပေါ်ဟာ သူ့အနောက်မှာ ရပ်နေခဲ့ပြီး.. ယခုတော့မျက်နှာချင်းဆိုင် အနေအထားနဲ့နီးနီးကပ်ကပ် ။

WILL YOU.. ? ( Completed ) حيث تعيش القصص. اكتشف الآن