ဥပမာ အနေနဲ့ ပြရမယ်ဆိုရင်

စုထျန်းထျန်း စတူဒီယို : [ထျန်းထျန်းက ဒီနေ့ အားကစားကွင်းထဲမှာ ဖျော်ဖြေလိမ့်မယ်။ ပရိတ်သက်တွေ အကုန်လုံးကို စုတဲ့အခါ ငွေလိုတယ် ဒါပေမယ့် ထျန်းထျန်းက ပရိတ်သက်တွေ သူမအတွက် ငွေကို မသုံးစေချင်ဘူး အဲ့ဒါ့အပြင် ပြောသေးတယ် သူမကို ချစ်ပေးတဲ့ လူတွေရှိရုံနဲ့တင် ပျော်နေပါပြီ မလိုအပ်ပဲ ပိုက်ဆံသုံးတာ မလိုချင်ဘူးတဲ့]

ချိုချဉ် : [ဘယ်လောက်လဲ။ ငါပေး ပေးမယ်]

စုထျန်းထျန်း စတူဒီယို : [ယွမ် ငါးသိန်းလိုတာ။ အရင်ဆုံး ပေးပေးထားလို့ ရမလား။ ငါတို့နောက်ကျရင် ပြန်ပေးမှာပါ]

ချိုချဉ် : [ကိစ္စမရှိပါဘူး]

အခုလို စကားအသွားအလာတွေ အများကြီး ဖြစ်လေ၏။

စုထျန်းထျန်း စတူဒီယိုကို ဖျက်ဆီးပစ်ဖို့ သူမဆီမှာ ခိုင်လုံတဲ့ သက်သေတွေ ရှိနေတာမို့ သူတို့အနေနဲ့ သူမရဲ့ တောင်းဆိုချက်ကို မလိုက်လျောပေးမှာလဲ စိတ်ပူစရာ မလို။

  -

ထျန်းရှင်း Entertainmentတွင် ဖြစ်သည်။

Screenshotတွေကို မြင်ပြီးတဲ့အခါ စုထျန်းထျန်း ဒေါသထွက်လွန်း၍ ခေါင်းတွေ ချာချာလည်နေပြီး အသက်ရှူနှုန်းပါ မြန်နေလေ၏။

သူမ ဒီအကြောင်းအရာတွေ အကုန်လုံးကို သိလေသည်။ အရင်တုန်းက စုထျန်းထျန်းစတူဒီယို Weiboအကောင့်ကို ကိုင်ခဲ့သူက သူမ ကိုယ်တိုင် ဖြစ်တာကြောင့်ပင်။

ထိုအချိန်က ကုမ္ပဏီကနေ နှုတ်ထွက်ပြီး သူမရဲ့ ကိုယ်ပိုင်စတူဒီယိုကို စတင်တုန်း အချိန်ဖြစ်တာမို့ သူမမှာ ပုံရိပ်ရော ပိုက်ဆံပါ မရှိခဲ့ပေ။ ဒါကြောင့်ပဲ ပိုက်ဆံရှိပြီး ရူးသွပ်တဲ့ စူပါfan တစ်ယောက်ကို ရှာခဲ့သည်။ သူ့အပေါ် အခွင့်ကောင်းယူလို့ ရမယ်လို့ စုထျန်းထျန်း တွေးခဲ့တာ ဖြစ်လေ၏။

အခုတော့ သူမအနေနဲ့ ချမ်းသာပြီး အောင်မြင်နေပြီ ဖြစ်တာမို့ သူမ ဘ၀ တစိတ်တပိုင်းရဲ့ သမိုင်းကြောင်းတွေကို မေ့သွားခဲ့တာ ဖြစ်လေ၏။

သူမရဲ့ မန်နေဂျာဖြစ်သူက ခေါင်းခါလိုက်သည်။ "ကိုယ့်ပရိတ်သက်တွေ ဆီက ဘယ်လိုလုပ်ပြီး ပိုက်ဆံ ချေးခဲ့ရတာလဲ။ ဒါသာ ပေါက်ကြားသွားလို့ ရှိရင် စတူဒီယိုရဲ့ ဂုဏ်တင်မဟုတ်ဘူး မင်းရဲ့ အောင်မြင်မှုပါ စုတ်ပြတ်သက်သွားလိမ့်မယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now