အတုအယောင် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။ "အိုး ငါလည်း သိပ်မသေချာဘူး။ ငါက အခုအသက်ကြီးနေပြီ ဆိုတော့ မှတ်ဉာဏ်တွေက သိပ်မကောင်းချင်တော့ဘူး‌လေ။ ‌ကောင်းပြီ ကောင်းပြီ ရပ်ကြတာပေါ့။ ထမင်းစားခန်းပဲ သွားကြမယ်!"

“…”

သူမ ဖခင်ရဲ့ အရှက်မရှိမှုကို နင်မုန့် လက်ဖျားခါမိသွားသည်။ ထိုအချိန် ဟော်ပေ့ချန်ကတော့ ယခုကိစ္စထဲ အရမ်း အာရုံမစိုက်ထားသလို ပုံမှန်အတိုင်းပဲ မတ်တပ်ရပ်လိုက်သည်။ သူ့ပုံစံက chessကစားနည်းမှာ ရှုံးတာနိုင်တာကို လုံးလုံး စိတ်မဝင်စားသည့် အတိုင်းပင်။

အစားအသောက် စားပြီးနောက်မှာတော့ ဟော်ပေ့ချန်က သူတို့ကို နှုတ်ဆက်စကားဆိုလိုက်ပြီး လေဆိပ်ကို သွားရန် ပြင်သည်။

နင်ဝမ့်ထောင်က ယောက္ခထီး ဆိုသည့်အတိုင်း ဂုဏ်ယူစွာ မတ်တပ်ရပ်ထားလျက် ပြောလိုက်သည်။ "ကောင်းပြီး သွား သွား။ အနာဂတ်မှာလဲ မကြာခန လာလည်ချေပေါ့။ အိုး တစ်ခုရှိသေးတယ်။ မုန့်မုန့်အပေါ်ကိုလည်း ကောင်းကောင်း ဆက်ဆံပေး မဟုတ်လို့ကတော့...."

ဆက်မပြောခင် ဟော်ပေ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သားမက်ဖြစ်သူ အဆင်ပြေနေတာကို မြင်လိုက်ရတဲ့အခါ စကား ပြန်ဆက်လိုက်သည်။ "မဟုတ်လို့ကတော့ မင်းအရှေ့မှာပဲ ငါငိုမှာ!"

“…”

နင်မုန့်ကတော့ သူမ ဖခင်ကို ဆွံ့အစွာသာ ကြည့်လိုက်သည်။

"ကောင်းပြီ သွားတော့ သွားတော့။ မုန့်မုန့် ငါတို့ရဲ့ ချစ်ဧည့်သည်လေးကို လေဆိပ်ထိ လိုက်ပို့လိုက်လေ"

“??”

နင်မုန့် ကြောင်အမ်း သွားလေ၏။

ဘာ? သူက ဒီအတိုင်းလေး လေဆိပ်ကို သွားရုံပါ....အဲ့အထိ သူ့ကို လိုက်ကြည့်ပေးဖို့ လိုလို့လား။ ရက်အနည်းငယ် လောက်ကြာရင်ပဲ ပြန်တွေ့ရမယ့်ဟာ တသက်လုံး ထပ်မတွေ့ရတော့မယ့် အတိုင်း လုပ်နေတာပဲ!

တစ်ယောက်တည်း အတွေးထဲ ပတ်ချာလည်နေတုန်းမှာပဲ ဟော်ပေ့ချန်က လူကြီးလူကောင်း တစ်ယောက်နှယ် သူမအတွက် ကားတံခါးကို ဖွင့်ပေးလာပြီး မျက်လုံးမှိတ်ပြတာကို မြင်လိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now