"မွ! ကိုယ်သွားပြီ"

နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် ကိုယ်တော်က ရှောင်ကျန့်နှဖူးအား ငုံ့နမ်းကာ ထွက်သွားတော့သည်။

"အိုက်ယား...ငါ ဝမ်တိုင်းပြည်ကို ပြန်ရတော့မယ်ကွ မင်းတို့ကို လွမ်းနေတော့မှာ "

ရိပေါ်ထွက်သွားသည်နှင့် ရှောင်းကျန့်က ဘုရင့်အဆောင်တော်အနောက်ဘက်ရှိ ဝါးတောသို့ ထွက်လာခဲ့ပြီး ယုန်များနှင့် စကားပြောနေသည်။

ဝမ်ချင်ပေးခဲ့သည့် ယုန်နှစ်ကောင်နှင့်အတူ ရိပေါ်က ရှောင်ကျန့်အတွက် ယုန်များ ထပ်ဖမ်းပေးသည့်အတွက်ကြောင့် ဝါးတောထဲတွင် ယုန်ဖြူများ အများဆုံးရှိနေသည်။ ယုန်ညိုလေးကတော့ တစ်ကောင်သာရှိ၏။

......
အမတ်ကြီးများ-
"လမ်းခရီး သာယာ ဖြောင့်ဖြူးပါစေမင်းကြီးနဲ့ မိဖုရားကြီး"

ရိပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြကာ ရှောင်ကျန့်အားမြင်းပေါ်တင်ပေးလိုက်ပြီး

"ကိုယ်တော်မှာထားတဲ့ အရေးကြီးကိစ္စတွေကို မမေ့ပါနဲ့ "

"စိတ်ချပါမင်းကြီး"

ထို့နောက်မြင်းဟာ လမ်းမကြီးအတိုင်း ထွက်ခွာသွားပြီး တစ်မဟုတ်ချင်း မြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။
....

ရိပေါ်က ရှောင်းတိုင်းပြည်နှင့် ဝမ်တိုင်းပြည်အား အိမ်ဦးနှင့် ကြမ်းပြင်လို အမြဲသွားနေရသည်မို့ ဘာပစ္စည်းမှယူမသွား။
ရှောင်ကျန့်လည်းအတူတူပင်။
ရိပေါ်သွားရာ တကောက်ကောက်လိုက်နေသူမို့ သရေစာမုန့်များသာ သွားလေရာ ယူသွားတတ်သည်။

နာရီအနည်းငယ်အကြာ..

မြင်းညိုကြီးဟာ ဝမ်တိုင်းပြည်အဝင်မှ နန်းတော်တံခါးဝသို့ အလျင်အမြန်ဝင်ရောက်သွားပြီး အဆောင်ရှေ့တွင်ရပ်တန့်သွားသည်။

"ဦးလေးတော်တို့ ပြန်လာကြပြီ!"

"ပါ့ပါး! ပါ့ပါးပြန်လာပြီ! ဘွားဘွားကြီးရေ့ ပါ့ပါးနဲ့ခမည်းတော်ပြန်လာပြီ"

မြင်းပေါ်မှ ဆင်းနေတုန်း အဆောင်ရှေ့ မက်မွန်ပင်ကြီးအောက်တွင် မြှားချောင်းလေးများအား ဗူးထဲသို့ ဝင်အောင် အဝေးမှ လှမ်းပစ်နေသော ချင်းချင်းနှင့် ကျိရွှမ်းက အသံဆာဆာလေးများဖြင့် လူအားလုံးကိုအသိပေးကာ ရိပေါ်တို့ဆီပြေးလာကြသည်။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now