အခန်း(၈၃+၈၄)

Start from the beginning
                                    

နှစ်ယောက်အကြားက အကွာအဝေးက မတရားနီးကပ်နေခဲ့ကာ ဒိပိုင်မင်ကလည်း သတိလက်လွတ် ဖြစ်သွားခဲ့သည်။ ဒိပိုင်မင်က တိုက်ခိုက်မှုရဲ့ တစ်၀က်ကျော်ကျော်ကို အလျင်အမြန်တိမ်းရှောင်လိုက်ပေမယ့်လည်း မိုးကြိုးက သူ၏ဆံပင်ကို ပစ်ချမိသွားသေးသည်။

မီးကျွမ်း‌လာတဲ့အနံ့က အခန်းထဲမှာ ထွက်လာခဲ့သည်။

အုတ်အော်သောင်းတင်း ဖြစ်တဲ့အသံကို အပြင်က အန်းဖန်နဲ့ အန်းယင်တို့က ကြားပြီး ထိတ်လန့်သွားကြသည်။ “သခင်ဒိ ဘာဖြစ်သွားတာလဲ”

“ထွက်သွားစမ်း” ဒိပိုင်မင်က သွားကြားထဲကထွက်လာတဲ့ လေသံနဲ့ အော်ငေါက်လိုက်လေသည်။

အန်းဖန်နဲ့ အန်းယင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ကစိတ်ပူနေကြပေမယ့်လည်း အခန်းထဲ၀င်သွားပြီးလည်း မစစ်ဆေးရဲကြပေ။

“အနက်လေး ကောင်းတယ် ‌အရမ်းကောင်းတယ် မင်းက ငါပေးတဲ့ ကျင့်ကြံခြင်းနည်းလမ်းနဲ့ ငါ့ကိုပြန်ရိုက်တယ်ပေါ့လေ။ မင်းကတစ်ကယ့်ကို အရမ်းကောင်းတာပဲ” ဒိပိုင်မင်က သိုလှောင်လက်စွပ်ထဲကနေ မှန်တစ်ချပ်ကို ထုတ်ယူလိုက်ကာ ကြည့်လိုက်သည်။ သူရူးတော့မလိုပင်။

ယန်ချူးဂျူးက ဒေါသထွက်နေတဲ့ ကြက်မအဖြစ် ပြောင်းသွားတဲ့ ကောင်ချောလေးကို ကြည့်နေခဲ့သည်။ သူမ မရယ်မိဖို့ ထိန်းထားရတာက တစ်ကယ့်ကိုပဲ မလွယ်ကူလှချေ။ တစ်ကယ်တန်းမှာ သူမရဲ့နှလုံးသားထဲမှာ‌တော့ ယန်ချူဂျူးက ကြမ်းပေါဲမှာ လှိမ့်ကာ အူလှိုက်သည်းလှိုက် ရယ်မောနေတာ ဖြစ်သည်။ သူမက ဒိပိုင်မင်ရဲ့ သနားစဖွယ်ပုံစံကို အပြင်ဘက်မှာ ရှိနေတဲ့ အန်းဖန်နဲ့ အန်းယင်တို့ကိုတောင်မှ ထုတ်ပြချင်စိတ် ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်ပါစေ လောလောဆယ် အနှီငနဲမလေး၏ အာရုံအလုံးစုံက ဒိပိုင်မင်ရဲ့ သိုလှောင်လက်စွပ်အပေါဲမှာ ကျရောက်နေလေသည်။

အိုက်ရို့ ဒီရတနာလေးက ကောင်းလိုက်တာ။ ဒါကဒဏ္ဍာရီလာ သိုလှောင်လက်စွပ်ဆိုတာများ ဖြစ်နိုင်မလား။ မိုက်လိုက်တာ သိုလှောင်အိတ်ဆိုရင်တောင်မှ လုံလုံလောက်လောက် ရှားပါးလွန်းနေပြီ။ အပျော်လင်လေးဆီမှာ သိုလှောင်လက်စွပ်တစ်ခု ရှိနေလိမ့်မယ်လို့ ငါလေးမထင်ထားခဲ့ဘူး။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now