အခန်း(၈၃+၈၄)

Comincia dall'inizio
                                    

ယန်ချူးဂျူး သူမမျက်နှာကို ဖုံးအုပ်ကာ ပြေးထွက်သွားခဲ့သည်။ သူမက မြေကြီးပေါဲမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အစာအိမ်နာလာတဲ့အထိ အူလှိမ့်သည်းလှိမ့် ရယ်မောနေလေသည်။ သေစမ်း သူမက ရှင်သန်နိုင်ဖို့အတွက် တစ်ကယ်ပဲ အရမ်းအရှက်မဲ့နိုင်တာပဲ ဟီးဟီး ဟီးဟီးဟီး။

ဒိပိုင်မင်က မနက်စာကို အပြီးသတ်လိုက်ကာ ယန်ချူးဂျူးကို ရှင်းလင်းခိုင်းဖို့ ခေါဲလိုက်သည်။

“မနေ့တုန်းက ဖြစ်ခဲ့တာတွေအကုန်လုံး ငါ့ကိုပြောပြ” ဒိပိုင်မင်က ကုလားထိုင်ပေါဲမှာ လဲလျောင်းလိုက်သည်။

“မနေ့တုန်းက ကျွန်မနတ်ဆိုးသားရဲတောအုပ်ထဲကို အစ်ကိုတွေ အစ်မတွေနဲ့အတူ သွားရောက်ခဲ့တယ်။ ပြီးတော့ အဲ့တောအုပ်ထဲမှာပဲ ပိုင်မောင်နှမနဲ့ တွေ့ခဲ့ရပြီး...” ယန်ချူးဂျူး သူ့ကိုအကုန်လုံး ပြန်ပြောပြလိုက်သည်။ သို့ပေမယ့် သူမက သတိရှိရှိနဲ့ပဲ တိုကင်ပြားအကြောင်းကိုတော့ ရှောင်ရှားပြီး ပြောဆိုသွားလိုက်သည်။

“ပိုင်မိသားစု? တိမ်ပြိုလဲဂိုဏ်း? ဒီလူယုတ်မာတွေက မင်းကိုအရမ်းသနားစရာကောင်းအောင် လုပ်ခဲ့တာလား။ မင်းကတစ်ကယ် အသုံးမကျတာပဲ” ဒိပိုင်မင်က ယန်ချူးဂျူးကို အထင်တသေးနဲ့ ဝေ့ကြည့်လိုက်လေသည်။

“မင်းသားလေး ကျွန်မက ရက်အနည်းလောက်ပဲ ကျင့်ကြံရပါသေးတယ်ရှင့် ဟုတ်ပြီလား။ ကျွန်မ စိတ်၀ိဉာဉ်စွမ်းအားကို လွှတ်ထုတ်နိုင်တဲ့အခါကျရင် အဲ့လူတွေကို သေတဲ့အထိ ပြန်နှိပ်စက်ပြမယ်” ယန်ချူးဂျူးက သဘောမတူစွာနဲ့ သူမရဲ့ခန္တာကိုယ်လေးကို ဖြောင့်တန်းလိုက်သည်။

“ဟမ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းနယ်ပယ် အလွှာလေးမှသာ စိတ်ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်နိုင်တာ။ မင်းအလွှာလေးကို ချိုးဖျက်တက်ရောက်နိုင်ဖို့ ဘယ်လောက်ကြာလိမ့်မလဲဆိုတာကို ငါစောင့်ကြည့်ပါဦးမယ်”

ဒိပိုင်မင်ရဲ့ အထင်သေးတဲ့ လေသံက ကုလားအုတ်ရဲ့ ကျောကိုကျိုးသွားစေတဲ့ နောက်ဆုံးသော ကောက်ရိုးအထုတ်လိုပင်။ ယန်ချူးဂျူးက ဒီနေ့မှာ အစကတည်းကကိုပဲ အလွန်အမင်း ဒေါသထွက်နေပြီးသား ဖြစ်နေခဲ့သည်။ ဒါပေမယ့် အခုဒိပိုင်မင်ပြောတာကိုလည်း ကြားရော သူမကမသိလိုက်စွာဘဲ မိုးကြိုးပုံရိပ်ယောင်တစ်ထောင်ကျမ်းထဲက ကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုလိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ မိုးကြိုးတစ်စင်းက ဒိပိုင်မင်ရှိရာကို ပြေး၀င်သွားတော့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Dove le storie prendono vita. Scoprilo ora