Part - 25

11.1K 702 16
                                        

Unicode -----

Except you { 25 }
.
.
.
.
.
.
.

မဂ်လာရှိသော မနက်အချိန်အခါ၀ယ်.....
မဂ်လာရှိသောမနက်ခင်းလေးမှာ....
မဂ်လာရှိသောနေ့ရက်ကိုရောက်ရှိလာပါပြီ....

" သားမင် ပြင်ဆင်တာပြီးပြီလား ကလေးမ "

" မပြီးသေးဘူး မယ်မယ်ကြီး
အကိုလေးကမပြင်တာတောင်လှနေတာ
ပြင်လိုက်တော့ ပိုပြီးတော့တောင်လှသေးတယ် "

မယ်မယ်ကြီးပြုံးလိုက်ကာ...

" ကျုပ်မြေးကအရမ်းလှတာကို..."

" မေမေပြီးပြီလား "

" ပြီးပြီလေ "

" အဲ့တာဆို သမီးတို့ဘုန်းကြီးကျောင်းအရင်သွားနှင့်မယ်လေ "

" အင်းသွားတာပေါ့...ကလေးမ
နင့်သခင်လေးကိုသွားပြောစမ်း...
ငါတို့အရင်သွားနှင့်မယ် နောက်မှလိုက်လာခဲ့ကြလို့ "

" ဟုတ်ကဲ့ မယ်မယ်ကြီး "

" ဒါနဲ့ သားမင်လေးရဲ့ အဒေါ်နဲ့အကိုကိုလဲခေါ်ခဲ့ သွားကျမယ်လို့ "

" ဟုတ်ကဲ့..သမီးသွားပြောလိုက်ပါ့မယ် "

" လာပါပြီအဒေါ်...ကျွန်မတို့လဲပြီးပြီ "

Jiminအဒေါ်နဲ့  Kai ပြင်ဆင်ပြီးဆင်းလာတော့ မယ်မယ်ကြီးပြုံးနေသလောက်
သခင်မကြီးကတော့မျက်နှာလေးတည်နေပြီး

" မေမေ...သမီးကားပေါ်ကစောင့်နေမယ် "

" အေးအေး "

မယ်မယ်ကြီး မင့်အဒေါ်ကိုကြည့်ပြီး

" အဒေါ်လဲအခုပဲလာခေါ်ခိုင်းတော့မလို့
လူကြီးတွေကဟိုကိုအရင်ရောက်ပြီး
ဧည့်ခံရမယ်လေ "

" ဟုတ်ကဲ့ ကျွန်မတို့တူကြီးနှစ်ယောက်က
အနောက်ကနေကားတစ်စီးနဲ့လိုက်ခဲ့မယ်နော် "

" ကောင်းပါပြီကွယ် "

မယ်မယ်ကြီးပြောပြီး ကားရှိရာသို့ထွက်လာခဲ့သည်

.
.
.

" Jungkook ဒီနေ့ ငါမင်းကြောင့် ပြင်လို့ပြီးဦးမှာလား "

" ဟာဗျာ မင်ကလဲ "

" ဘာ မင် ကလဲ လည်း "

Jimin အနားကမနက်ထဲကမခွာပဲ
အလှပြင်ပေးနေတဲ့ အမကို
ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး
ဘေးမှာ ဘာမှမလုပ်ပဲထိုင်ကာပြောနေတာကြောင့် မင် နားတွေပူလာပြီး အခုမခံနိုင်တဲ့အဆုံးသူ့ကိုပြောတာဖစ်သည်

Except You ( U+Z ) [ Complete ]Onde histórias criam vida. Descubra agora