Part - 18

7.7K 637 15
                                    

Unicode -----

Except you { 18 }
.
.
.
.
.
.
.

Jungkook သူ့ကို အဘွားဆီကပြန်လာကတည်းက စိတ်ဆိုးနေတဲ့ Jimin ကြောင့်
မျက်နှာကြီးမှာ မပြုံးမတည်ကြီး
ဖစ်နေတော့သည်

Jungkook မင် နှုတ်ခမ်းထော်ပြီး ဆူပုတ်နေပြန်တော့လဲ မနေတတ်စွာ

" မင်..ခင်ဗျား ဘာဖစ်နေတာလဲ "

" ဘာမှ မဖစ်ဘူး "

" ဖစ်ပါတယ် ဖစ်လို့လဲ ခင်ဗျားနှုတ်ခမ်းဆူနေတာပေါ့ ကြည့်ဆူနော် ဆွဲကိုက်ပစ်မှာ "

" အို...မင်း အရှက်မရှိတဲ့လူ "

Jimin မျက်နှာလေးရဲကာပြောတော့
Jungkook ရယ်လိုက်ကာ

" အဟက်...အဲ့တာဆို နှုတ်ခမ်းဆူမနေနဲ့ "

" ဘာဖစ်လဲ ငါ့နှုတ်ခမ်းနဲ့ငါဆူတာ
မင်းနှုတ်ခမ်းငှားဆူနေလို့လား "

" အဲ့တာဆို ကျွန်တော်လဲ
ကျွန်တော်ကိုက်ချင်လို့
ကိုက်ချင်တယ်ပြောတာ
ခင်ဗျား လာမအော်နဲ့ "

မင် Jungkook ကိုမျက်လုံးလေး ပြူးကာ
ကြည့်ပြီး

" မင်း..ငါ့ကိုပြန်ရန်တွေ့နေတာ ...
မိန်းမကြီးကျနေတာပဲ "

Jungkook မျက်ခုံးတွေမြင့်တက်သွားပြီး
မျက်ခုံးကိုလက်နဲ့ခြစ်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်

" ဘာလဲ..ကျွန်တော် ယောကျာ်းဖစ်ကြောင်း
ပြရမလား "

" မင်းနော်..အဲ့လိုအပြောတွေကြောင့်
မင်းကိုငါအမြင်ကပ်တာသိလား
ပြောရင်လဲအသားယူလိုက်ရမှ
ပြီးတော့မင်းဘာလို့
အဘွားကိုကတိပေးလိုက်တာလဲ "

" ဘာကိုလဲ "

Jimin မျက်နှာလေးနီကာ မသိသလို
မေးနေတဲ့ Jungkook ကိုမျက်စောင်းထိုးလိုက်သည်

" မင်းမသိချင်ယောင်ဆောင်မနေနဲ့
ကလေးယူတာလွယ်တယ်ထင်နေလား "

မင် ပြောပြီး ရှက်လွန်းလို့
Jungkook ကိုမကြည့်ရဲတော့ပဲ
အခြားဘက်ကိုမျက်နှာလေးလှည့်ပစ်လိုက်တော့
Jungkook သဘောကျကာပြုံးလိုက်ပြီး

" ကလေးယူတာပဲဘာခက်လို့လဲ
ခင်ဗျားလဲကလေးရနိုင်နေတာပဲကို
ကျွန်တော်တို့မှာဘာလိုသေးလို့လဲ
ဘာလဲ အချစ် က မွေးဖို့
အဆင်သင့်မဖစ်သေးလို့လား
ပြီးတော့ အချစ် လဲ အသက်ကြီးလာမှာလေ
ငယ်တုန်းယူထားမှ ပေါ့
ကျွန်တော်အတွက်ကတော့ ဘာမှစိတ်မပူနဲ့ ကျွန်တော်က အားကောင်းပြီးသား "

Except You ( U+Z ) [ Complete ]Where stories live. Discover now