Part - 3

11.8K 918 21
                                        

Unicode -----

Except you { 3 }
.
.
.
.
.
.
.

ညနေရောက်တော့ထိုကိုယ်တော်ကမပြန်သေးတာကြောင့် Jimin တစ်ယောက်ချက်ပြုတ်ကျွေးရန်ဈေးခြင်းတောင်းလေးကိုင်ကာ
ထွက်လာခဲ့တယ်

အိမ်ရှေ့ခန်းထဲမှာ သမီးလေးနဲ့ထိုင်ဆော့နေတဲ့ သူကြောင့် မျက်စောင်းလေးထိုးလိုက်သည်

မနက်ကလဲကြည့်ဦး
သူ့အကို သူ့အိမ်လိုက်နေရမယ်တဲ့
မင် လဲအိမ်ရှိပါတယ် ဘာကြောင့်သူ့အိမ် လိုက်နေရမှာလဲ

Jimin မျက်နှာလေးမဲ့လိုက်တော့ သူ့ကိုကြည့်နေတဲ့ Jungkook ကြောင့်ချက်ချင်းပြန်ပြင်လိုက်ရသည်

ခပ်တည်တည်ဖြင့်သာဈေးသွားရန် အိမ်ရှေ့သို့ထွက်လာခဲ့သည်

" ဟေ့ .. ဒီမှာ မင်းဘယ်သွားမလို့လဲ "

Jimin မျက်စောင်းလေးထိုးကာလှည့်ကြည့်လိုက်ပြီး

" ဒီမှာ ခင်ဗျား ကျုပ်နာမည် မင်းမဟုတ်ဘူး Park Jimin "

Jungkook မျက်နှာလေးမဲ့လိုက်ကာသမီးလေးကိုချီပြီး အနားလျောက်လာခဲ့သည်

" ငါ့နာမည်လဲခင်ဗျားမဟုတ်ဘူး Jeon Jungkook "

တစ်ဖက်သူရဲ့ခပ်ထေ့ထေ့အပြုံးတွေကြောင့် မင် နှုတ်ခမ်းလေးမဲ့လိုက်ပြီး

" ဘာလဲ..ဘာပြောမှာလဲမြန်မြန်ပြော ငါဈေးသွားမလို့ "

Jungkook တစ်ယောက်ဈေးသွားတာ အကျီအဖြူရောင် တီရှပ်အပါးလေးနဲ့ စမတ်ကျကျလှနေတဲ့ကောင်လေးကိုကြည့်ကာ

" မင်းက ဈေးသွားမှာလား
အလှသွားပြမှာလား "

" ဘာပြောတယ် "

ဒေါသမျက်၀န်းလေးနဲ့ကြည့်ကာ ပြောနေတဲ့ အရှေ့ကကောင်လေးကိုကြည့်ပြီး

" ဟုတ်တယ်လေ မင်းဈေးသွားမှာကလဲ ၀တ်ထားတဲ့အကျီကိုကြည့်အတွင်းသားတွေဒီတိုင်းမြင်ရတယ် ဘောင်းဘီကလဲ
ကလေးဆိုဒ်လားကျတ်ထုတ်နေတာပဲ မက်မွန်ကော အကုန်အထင်းသား "

Jimin သူ့ရဲ့ အပြောကြောင့် မျက်နှာလေးရဲတက်သွားကာ
သူ့ကိုယ်သူပြန်ငုံကြည့်ပြီး

" ခင်ဗျားပြောသလောက်လဲမဆိုးပါဘူး နေပါဦး ကိုယ့်ခန္ဓာကိုယ်ကိုကိုယ်၀တ်တာ
ဘာဖစ်လဲ "

Except You ( U+Z ) [ Complete ]Where stories live. Discover now