Part - 8

11.3K 896 84
                                        

Unicode -----

Except you { 8 }
.
.
.
.
.
.
.

မနက်မိုးလင်းတော့ မင် အိပ်ယာအစောကြီးထတတ်တဲ့အကျင့်ရှိတာကြောင့်
သူ့ကိုဖက်ထားတဲ့ Jungkook လက်ကိုအသာအယာဖယ်ကာ
အိပ်ယာပေါ်မှဆင်းလိုက်ပြီး
သူ့ကိုယ်သူပြန်စမ်းစစ်ကြည့်သည်

ဘာမှမဖစ်လို့တော်သေးတယ်ဟူးးးးးး

သက်ပျင်းချလိုက်ပြီး ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းထဲ၀င်လာလိုက်သည်

Jungkook မင် ရေချိုးခန်းထဲ၀င်သွားတော့မှ
ပြုံးလိုက်မိသည်

ထိုကောင်လေးရဲ့ ကလေးဆန်တဲ့အပြုအမူလေးကြောင့် Jungkook တစ်ယောက် ရင်တွေခုန်ပြီး အသည်းယားနေမိသည်

သူတစ်ညလုံးအခုထိမအိပ်ရသေးပါ
သူ့ကိုရင်ခွင်ထဲထည့်ဖက်ထားပြီး အိပ်နေပေမယ့်လဲ အခုန်မြန်နေတဲ့ရင်ခုန်သံတွေကိုသာမနည်းထိန်းနေခဲ့ရသည်

ထိုကောင်လေးက တော့ကြောက်တယ်သာပြောတာတစ်ရေးမှမနိုး

" ဂျလောက်....."

Jimin ရေချိုးခန်းထဲကပြန်ထွက်လာတဲ့အသံကြားတာကြောင့် Jungkook မျက်လုံးတွေကိုပြန်မှိတ်လိုက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်

မင် မှောက်ခုံကြီးအိပ်နေတဲ့ Jungkook ကိုကြည့်ကာ မျက်နှာလေးမဲ့လိုက်ပြီး
ခေါင်းဖှီးဖို့ မှန်တင်ခုံပေါ်ကြည့်တော့
ဘီးတစ်ချောင်းနဲ့
သူ့အသုံးအဆောင်တွေကြီးပဲ
ခေါင်းလေးသာအသာယူဖှီးလိုက်ပြီး
အောက်ထပ်သို့၀ိုင်းကူလုပ်ပေးရန်ဆင်းလာခဲ့သည်

" ဟယ်...အကိုလေး အစောကြီးဘာဆင်းလုပ်တာလဲ "

" မင်...ဝိုင်းလုပ်ပေးဖို့ဆင်းလာတာပါ "

Jimin သူထက်ငယ်မယ်ထင်ရတဲ့ အလုပ်သမားမလေးမှပြာပြာသလဲမေးတာကြောင့် ပြုံးကာဖြေလိုက်တော့ ထိုကောင်မလေးမျက်နှာငယ်သွားကာ

" အကိုလေးရယ်မလုပ်ပါနဲ့...သမီးတို့အကုန်လုပ်ပါ့မယ်.....သခင်လေးသိရင်
သမီးတို့ကြောက်တယ် အကိုလေးရဲ့ "

ထိုကောင်မလေးကိုကြည့်ကာ မင် ပြုံးပြီး

" ညီမလေးတို့က သူ့ကိုဘာလို့အဲ့လောက်ကြောက်နေရတာလဲ "

Except You ( U+Z ) [ Complete ]Where stories live. Discover now