အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)

ابدأ من البداية
                                    

ဖရဲသီး​လေးက သူ့ရဲ့ ​ခြေ​ထောက်တစ်တစ်တိုတို​လေး​တွေ ၊ လက်​ဖောင်း​ဖောင်းကစ်ကစ်​လေး​တွေနဲ့ ဆိုဖာ​ပေါ်ကို ကုပ်တွယ်တက်လိုက်သည်။ထို့​နောက် စုန့်​ဖေ​ဖေ၏ ​ပေါင်​ပေါ်မှာ ​မှောက်လျားထိုး​လေးပစ်လှဲရင်း သူ့ဘိုးဘိုးအား စိတ်အားထက်သန်သည့် မျက်လုံး​လေး​တွေဖြင့် ​မော့ကြည့်လိုက်သည်။ " ဘိုးဘိုး , သား ဗိုက်ဆာတယ် "

စုန်​ဖေ​ဖေရဲ့ ထက်မြက်တည်ငြိမ်တဲ့ မျက်လုံး​တွေဟာ ချက်ချင်းပင် နူးညံ့သွားပြီး က​လေး​လေး၏ အပြစ်ကင်းဖြူစင်တဲ့ မျက်၀န်း​လေး​တွေကို ငုံ့ကြည့်လိုက်သည်။သူ မျက်မှန်ကို ဆွဲချွတ်ကာ ဆိုလိုက်သည်။ " ဗိုက်ဆာလို့လား ??? ဘိုးဘိုးတို့က ညစာကို နည်းနည်း​လေး ​နောက်ကျမှပဲ စားကြရမှာ။ အခု ဘီစကစ်စားချင်လား ??? "

ဖရဲသီး​လေးက သူ့ရဲ့ ၀၀ကစ်ကစ် လက်​ချောင်းတိုတို​လေး​တွေအား ဆန့်ထုတ်လျက် အ​လေးအနက် ခါယမ်းပြပြီး ​ပြောလိုက်သည်။ " ဟင့်အင်း ၊ ဖရဲသီး​လေးက သကြားလုံးစားချင်တာ "

စုန့်ရှီလင်အ​ဖေက လက်ဖက်ရည်စားပွဲက​​နေ သကြားလုံးတချို့ ဆုပ်ယူ၍ ဖရဲသီး​လေးဆီ လက်ထဲထည့်​ပေးကာ ​ပြောလိုက်သည်။
" ဒီမှာ ​ရော့။ ဒါ​တွေစားလို့ ကုန်သွားရင် မင်းဘွားဘွားကိုသာ ရှာလိုက် "

သို့​သော် ဖရဲသီး​လေးကမူ သကြားလုံး​တွေအား စားမပစ်​ချေ။သူက ​နောက်ကို လှည့်ပြီး သကြားလုံး​တွေကို သူ့အိတ်ကပ်​လေးထဲမှာ ဂရုတစိုက် ဖွက်ထားလိုက်သည်။အဲဒီ​နောက် သူ ရိုးသားစွာ ​ပြောလိုက်သည်။ " ဘိုးဘိုး , သား သကြားလုံး​တွေ စားလို့ကုန်သွားပြီ။ သား ထပ်လိုချင်​သေးတယ် "

က​လေး​​လေး၏ သကြားလုံး ဝှက်ခြင်းဖြစ်စဉ်တစ်ခုလုံးကို မြင်မျက်​တွေ့ခဲ့လိုက်ရတဲ့ စုန့်​ဖေ​ဖေ ; " ......... "

" မင်းက သကြားလုံး​တွေကို တိတ်တိတ်​လေး ဖွက်စားချင်တာလား ??? " ညှိုနှိုင်း​ဆွေး​နွေးရာတွင် ကျွမ်းကျင်အဆင့်ဖြစ်သည့် စုန့်ရှီလင်အ​ဖေက သူ့ရဲ့ချစ်လှစွာ​သော ​မြေး​လေးအား ​ချော့​မော့​မေးမြန်းလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် တန်တန်က အ​​ကြောင်းအရင်းမရှိ တ၀ုတ်၀ုတ်​ဟောင်ရင်း ဆိုဖာ​ပေါ်က​နေ ခုန်ဆင်းလိုက်သည်။ထို့​နောက် သူက အမြှီး​လေးကို လှုပ်ယမ်းကာ မီးဖို​ချောင်ဆီ ​ပြေး၀င်သွားသည် _______ ဒါက စုန့်မိသားစုရဲ့​နေရာဆို​သော်ငြား တန်တန်က​တော့ ​နေ့စဉ် အစာမစားခင် ပြုမူ​နေကျအတိုင်း သူ့ရဲ့စားကျက်နယ်​မြေ​လေးကို စစ်​ဆေးကြည့်ရန် ​လျှောက်လှမ်းလိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن