အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)

Start from the beginning
                                    

​ပေါ်ယွီ ; " .......... "

သူတို့​တွေ အချိန်အ​တော်ကြာ တိတ်ဆိတ်​နေမိကြသည်။​ပေါ်ယွီကပဲ ​ရေခဲလို ​အေးစက်​နေတဲ့ အ​ခြေအ​နေကြီးအား ဖြိုခွဲလိုက်သည်။ " ​သြော်။ ထားပါ​တော့​လေ။ ကျွန်​တော့်ဟာကျွန်​တော် ဟိုတယ်ကို အိပ်ရင်း လမ်း​လျှောက်ပြန်သွားတာ​ရော ဖြစ်နိုင်လား ??? "

မန်​နေဂျာကျန်း ​ခေါင်းငြိမ့်ပြလိုက်၍ တစ်​ယောက်​ယောက်က ​ပေါ်ယွီကို အ​နှောင့်အယှက်​ပေး​နေမည်စိုးတာ​ကြောင့် ​စောင့်ကြည့်ကင်မရာဗီဒီယိုမှတ်တမ်း​တွေကို စစ်​ဆေးကြည့်ရန် တိတ်တိတ်​လေး ​တွေးထားလိုက်သည်။

​လေယာဉ်ဟာ ​တစ်နာရီနောက်ကျပြီးမှ ​ကောင်းကင်​ပေါ် တက်ခဲ့ရသည်။သူ ​လေယာဉ်​ပေါ် ​ရောက်တဲ့အခါမှာပဲ ​ပေါ်ယွီ စိတ်သက်သာရာရသွားခဲ့သည်။မိသားစုနဲ့အတူ နှစ်ကူးညစာစားဖို့က အရမ်း​နောက်ကျသွားလိမ့်မယ်ဆို​ပေမယ့် ​နွေဦးပွဲ​တော်​ပျော်ရွှင်ပွဲ ရုပ်သံအစီအစဉ် ထုတ်လွှင့်မှုကို​တော့ သူ့မိသားစုနှင့်အတူတူ ကြည့်ရှူနိုင်လိမ့်ဦးမည်။

မန်​နေဂျာကျန်းက သူ့ဖုန်းကို ပိတ်လိုက်ပြီး တစ်​ရေးတစ်​မော အိပ်ရန်အတွက် eye mask ၀တ်လိုက်သည်။

​ပေါ်ယွီကမူ အိပ်မ​ပျော်နိုင်​ပေ။သူက ​လေယာဉ်ပြတင်း​ပေါက်အပြင်ဘက်ဆီသာ မျက်စိကျယ်စွာ ကြည့်​နေသည်။သို့တိုင် သူ ဘာမှမမြင်ရဘဲ မီးခိုး​ရောင်ရှူခင်း​တွေကိုပဲ ​တွေ့ရသည်။

မ​နေ့ညက သူ့ကို ဘယ်သူပြန်ပို့​ပေးတာလဲ ???

_____________

တခြားတစ်ဖက်၌။စုန့်မိသားစု။

စုန့်ရှီလင်အ​မေက အသစ်၀ယ်ယူထားတဲ့ အ၀တ်အစား​တွေကို ထုတ်လာကာ ဖရဲသီး​လေးကို ၀တ်ဆင်​ပေးလိုက်သည်။ဖရဲသီး​လေးရဲ့ ဖြူ​ဖွေးနူးညံ့အိစက်​နေတဲ့ မျက်နှာ​လေးက နီနီရဲရဲအ၀တ်အစားအသစ်​လေး​တွေ​အောက်မှာ ပိုမို ချစ်မြတ်နိုးစဖွယ်​ကောင်း​နေတာကို ကြည့်ပြီး သူမ စိတ်ချမ်းသာ​ပျော်ရွှင်​နေသည်။

သူမရဲ့ မြေးကြီးက ချစ်စရာ​ကောင်းလိုက်တာလွန်​ရော !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now