ရှောင်းတိုင်းပြည်ဟာ ပင်လယ်နှင့်နီးသည့် အရပ်ဖြစ်၍ တစ်တိုင်းပြည်လုံးရှိ ပြည်သူများသည် ရေလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုကြ၏။

ဝမ်ရိပေါ်တို့အားလုံး နေ့လည်စာစားကြကာ ခလေးသုံးယောက်ကတော့ သောင်ပြငဘက်သို့ လျှောက်လည်ကြသည်။

"ခလေးတွေကိုစိတ်မချဘူး.....
စိတ်မချဆုံးက ချင်းချင်းပဲ
ဘာတွေလျှောက်မွှေအုံးမလဲမသိဘူး
လိုက်သွားရင်ကောင်းမလားဝမ်လေး!"

"နေပါစေ အထိန်းတော်ကြီးတွေရောမျန်မျန့်ပါ ပါနေသားပဲ ဘာမှစိတ်ပူမနေနဲ့၊လာပါကွာ babeရာ ၊ကိုယ် အိပ်ပါရစေ"

သူကိုယ်တိုင်မျန်မျန့်ကို ကလေးတွေကိုစောင့်ကြည့်ဖို့ထည့်လွှတ်လိုက်ပြီးမှ
စိတ်မချနိုင်ဖြစ်ကာ လိုက်သွားချင်သေးသည်တဲ့။

"အင်းပါ.. ချင်းချင်း ပြဿနာမရှာဖို့ပဲအရေးကြီးတာ၊အထိန်းတော်ကြီးတွေပါတယ်ဆိုပေမဲ့ စိတ်မချဘူးရယ်"

"ဟုတ်ပါပြီ တစ်ရေးလောက် အိပ်လိုက်ပါအုံး ၊နိုးမှ သွားကြည့်ကြတာပေါ့
လာပါဦး ကိုယ့်Babeလေး ၊ဖက်ထားချင်လို့"

လှဲနေသည့် ရိပေါ်ရင်ခွင်ထဲ ဆွေ့ခနဲ ရှောင်းကျန့်က ၀င်လှဲတော့ ရိပေါ်လက်တစ်ဖက်က ရှောင်းကျန့်ခေါင်းအောက် ခုပေးထားရင်း ကျန်လက်တစ်ဖက်ကတော့ ခါးသေးသေးလေးဆီ အလိုလိုရောက်သွား၏။

"ဝမ်လေး...."

"ဗျာ အချစ်.."

သူ့က်ို အမြဲလိုလိုပြုံးပြနေသည့် ရိပေါ်၏ ပါးဖောင်းကြီးတွေကို ကိုက်ဆွဲချင်လွန်းလို့ အသဲတယားယားဖြစ်နေ၏။

"ငါ့ကို ချစ်လား"

"ချစ်တာပေါ့ကွာ"

"ယွီလေးနဲ့ ချင်းချင်းကိုရော"

"ချစ်တာပေါ့"

"ငါနဲ့ သား၊သမီးဆိုရင် ဘယ်သူ့ကိုပိုချစ်လဲ"

"အမ်! ဘာလို့လဲ"

"ဖြေပါဆို!"

ရှောင်းကျန့်က အလိုမကျသလို မျက်နှာမဲနေတာမို့

"Babeကကျတော့ ကိုယ့်ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်လေ ၊ဘယ်သူနဲ့မှ ဘာနဲ့မှ နှိုင်းလို့မရဆအာင်ကို ချစ်တာ
သားနဲ့သမီးကျတော့ ကိုယ့်ရင်သွေးမို့လို့ ချစ်တာ ၊ဘယ်တူမလဲ"

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now