" Jungkook မင်းပြောလေဆိုးလေပါ့လား
မင်း အရှက်မရှိတိုင်း လိုက်ပြောမနေနဲ့ "
" ဟာဗျာ...မပြောပါဘူး..ခင်ဗျားနော်
ဒါလေးပြောတာတောင်ရှက်နေတာ
မဂ်လာဦးညကြရင် ခင်ဗျားအခုလို
ရှက်နေရင် ကျွန်တော် ဘာလုပ်ရမှာလဲ "
" မင်း...မင်း..သွားအပြင်မှာသွားအိပ်
အရှက်မရှိတဲ့ လူယုတ်မာရဲ့ "
မျက်နှာလေးမဲ့ပြီးပြောနေတဲ့ Jimin ကြောင့်
Jungkook ပြုံးလိုက်ပြီး
" အချစ်နော် မောင့် ကိုလူယုတ်မာလို့
ခနခနမပြောနဲ့ "
" အံမယ်..မဟုတ်လို့လား "
" မောင်သာယုတ်မာရင် အချစ်အခုလောက်ဆို
သုံးလေးယောက်လောက် မွေးပြီးနေပြီ "
" အို..မင်း..ဘာစကားတွေပြောနေတာလဲ
Jungkook "
" လင်မယား...စကားတွေပြောနေတာလေ
အာ..ပင်ပန်းလိုက်တာ "
Jungkook ပြောပြီး အိပ်ယာပေါ်လှဲလိုက်တော့
မင် သူ့ကိုအမြင်မကြည်စွာကြည့်ပြီး
မျက်စောင်းလေးထိုးကာခြေလက်ဆေးဖို့
ရေချိုးခန်းထဲ၀င်ရန်ပြင်လိုက်သည်
" ဟေ့.. jiminshi အဲ့တာဘယ်လဲ "
" ခြေတွေလက်တွေဆေးမလို့ "
ပြောကာ ခြေလေးစောင့်ရင်း
၀င်သွားသူကို Jungkook ကြည့်ရင်း
ပြုံးလိုက်မိသည်
မင် ရေချိုးခန်းထဲမှာ တမင်အကြာကြီး
နေပစ်လိုက်ကာ
သူအိပ်သွားလောက်တော့မှ မဲ့ပြုံးပြုံးပြီး
ရေချိုးခန်းထဲက ထွက်လာလိုက်သည်
" အမေ့..မင်း...မင်းး..မအိပ်သေးဘူးလား "
Jungkook အကြံကြီးလွန်းသော
Jimin ကြောင့်မဲ့ကာပြုံးလိုက်ပြီး
" ခင်ဗျားကို မနမ်းရသေးသ၍
ကျွန်တော် ဒီညမအိပ်ဘူး "
" မင်း...မင်း..ငါ့ကိုမနက်ကနမ်းပြီးပြီလေ "
Jungkook ထိတ်လန့်နေသော Jimin မျက်နှာလေးကို ပွေ့ချီထားရင်း မှေးစင်းကြည့်ကာ
" အိပ်ခါနီးအနမ်း "
" ဘာ.. အား....Jungkook ..."
" ဟားဟား "
" လူယုတ်မာကြီး "
တစ်ယောက်ကထု တစ်ယောက်က
စကာနမ်း နှစ်ယောက်သားကျီစယ်နေပုံလေးက မသိရင် အရမ်းချစ်ကြတဲ့
ဇနီးမောင်နှံလိုပင်
YOU ARE READING
Except You ( U+Z ) [ Complete ]
RomanceUni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ အခြေခံယူထားတာမလို့ အဆင်ပြေမှ၀င်ဖတ်ပေးစေချင်ပါတယ်☺️🤗 မေမွ်ာ္လင့္ပဲ သူစိမ်းတစ်ယော...
Part - 18
Start from the beginning
![Except You ( U+Z ) [ Complete ]](https://img.wattpad.com/cover/302012381-64-k221306.jpg)