" အဟက် ဒီလောက်ကတော့
အနစ်နာခံရမှာပေါ့ မဟုတ်ဘူးလား "

" သွား....မုန်းဖို့ကောင်းလိုက်တာ "

" ဟောဗျာ..ဘယ်ကိုသွားရမှာလဲ "

" မင်းနော် "

" အဟက်..စတာပါ ကျွန်တော်အလုပ်နဲနဲရှိလို့
လုပ်လိုက်ဦးမယ်
ပြီးမှ ပြန်၀င်ခဲ့မယ်နော်
အဆင်သင့်ပြင်ထားနော် "

" မင်း...သွား....."

ဘုန်း....

Jimin ရှက်သွားကာ ခေါင်းအုံးနဲ့ပေါက်လိုက်တော့ Jungkook ခေါင်းအုံးကိုဖမ်းယူကာ
မင့်အနားကိုတိုးသွားလိုက်သည်

" နောက်တစ်ခါ အဲ့ဒီလိုမဆိုးရဘူးအချစ်ရဲ့...
မွ...."

ပြောလဲပြော Jimin နှဖူးလေးကိုနမ်းကာ
အခန်းအပြင်ထွက်သွားသော
Jungkook ကြောင့်
မင်နှုတ်ခမ်းလေးကိုသာဖိကိုက်ပြီး
ကျန်နေခဲ့တော့သည်

.
.
.

" အန်တီ..ကြည့်ပါဦး Nora တို့ဖိတ်စာတွေ
ရလာပြီ "

" ဟယ်ဟုတ်လား..ပြပါဦး "

သခင်မကြီး Nora လက်ထဲက
ရွှေရောင်ဖိတ်စာများကိုယူကြည့်ကာ

" ဟယ်လှလိုက်တာနော်
သားနာမည်နဲ့ သမီးနာမည်က ထင်း‌နေတာပဲ "

" အဟင်း...အန်တီကလဲ Nora တို့က
အလှဆုံး ဈေးအကြီးဆုံးကို
လုပ်ထားတာပဲကို "

" ဟုတ်နော် သမီး အဲ့တာကြောင့်လဲ
လှတာနေမယ် ....
ဒါနဲ့သမီး Nora ဒီဖိတ်စာသွားရွေးတာလား "

ထိုအခါ Nora မျက်နှာပျက်သွားသည်
အမြန်ပြန်ပြုံးလိုက်ကာ

" ဟို..ဟိုလေအန်တီရဲ့
ဒီနေ့သူငယ်ချင်းမွေးနေ့လေ
အဲ့တာဟိုတယ်မှာစားသောက်ပြီးအပြန်
ရပြီဆိုပြီးဖုန်းလာလို့ သွားယူလိုက်တာ "

" အော်...အဲ့တာကြောင့်သမီးလေးပုံက
ပင်ပန်းနေတာကို သွားသွားရေသွားချိုး
အန်တီ ထမင်းစားခါနီး လာခေါ်မယ်နော် "

" ဟုတ်ကဲ့အန်တီ "

Nora. အပေါ်ထပ်ကိုတက်လာပြီး။
ပြုံးလိုက်မိသည်

ဒီနေ့သူမသွားတာက ကောင်လေးနဲ့
သွား date တာပါ ဒါကိုသူမကို
အရမ်းယုံကြည်နေတဲ့အဘွားကြီး
သိမှာမဟုတ်

Except You ( U+Z ) [ Complete ]Where stories live. Discover now