" ဘာ..မင်း အရှက်မရှိတဲ့လူ "

မျက်နှာလေးရဲကာပြောနေသော Jimin ကြောင့်
Jungkook ပြုံးနေမိကာ

" ဘာကိုရှက်ရမှာလဲ
ခင်ဗျားက ကျွန်တော့်ယောကျာ်းပဲကို
နောက်ဆို ဒီထက်ဆိုးတာတွေ ရှိလာဦးမှာ "

" မင်းပြောလေဆိုးလေပါ့လား Jungkook
ဟိုမှာအဘွားပေးလိုက်တဲ့ ဗူးကွဲသွားပြီလားမသိဘူးဖယ် "

" ကတ္တီပါဘူးကြီးယူလာပြီး ကွဲမှာကြောက်နေတယ်ပေါ့ ခင်ဗျားကလေ အရပ်နဲ့ ညဏ်ရည်အတူတူပဲလို့ပြောလဲ မကြိုက်ပြန်ဘူး "

Jimin လေး သူ့ခါးမှ Jungkook လက်ကို
အတင်းဖြုတ်နေတော့
Jungkook ပြုံးကာ လွှတ်ပေးလိုက်သည်

မီးခလုတ်နားသွားကာမီးဖွင့်လိုက်တော့
အခန်းထဲတွင်လင်းထိန်နေကာ
Jimin က ကတ္တီပါဘူးကောက်ပြီး သူ့အနားပြန်‌ လျှောက်လာသည်

မင် Jungkook ကိုမျက်စောင်းထိုးလိုက်ပြီး

" တော်သေးတယ် မကွဲလို့..
ဒီမှာ မင်းအဘွား..မနက်၀တ်ဖို့အ၀တ်အစားနဲ့
လက်၀တ်ရတနာတွေပေးလိုက်တယ်
ရော့..မင်းယူထားပါ့လား "

" စိတ်မ၀င်စားဘူး...ခင်ဗျားကိုပေးတာ
ခင်ဗျားယူထားပေါ့ "

အေးဆေးပြောနေသော Jungkook ကြောင့်
မင် သက်ပြင်းလေးချလိုက်ကာ

" ငါ့ကိုအခုလိုတန်ဖိုးကြီးတဲ့အရာတွေ
ပေးရင် ငါအရမ်း
စိတ်မသက်မသာဖစ်တယ် Jungkook
ပြီးတော့ ဒါတွေငါ၀တ်လဲမ၀တ်တတ်ဘူး "

" မ၀တ်တတ်ရင် ၀တ်တတ်တက်အောင်ကျင့်ထားပေါ့ နောက်ဆို ခင်ဗျားယောကျာ်းကျွန်တော် ရှာတဲ့ငွေတွေက
ခင်ဗျားမသုံးရင် ဘယ်သူသုံးမှာလဲ "

{ A/N : ကိုယ်သုံးပေးမယ်🤭 }

" အဲ့တာတော့ ငါဘယ်သိမှာလဲ "

" မသိရင်လဲ..ခင်ဗျားကျွန်တော့်ကို
ကလေးငါးယောက်မွေးပေး "

" အို...ဘာဆိုင်လို့လဲ "

" ခင်ဗျားက ပိုက်ဆံမသုံးတတ်တော့
ကျွန်တော့သားသမီးတွေကို
သုံးခိုင်းမလို့လေ "

မင် Jungkook ကိုမျက်စောင်းထိုးလိုက်ကာ

" မင်းအရမ်းနစ်နာနေဦးမယ် "

Except You ( U+Z ) [ Complete ]Where stories live. Discover now