"မားးးး!ပါးး!!..."

"babe!....babe! အိမ်မက်ဆိုးမက်နေတာလား...
မျန်မျန့်!!!"

မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရသည်က ၀မ်ရိပေါ်၏ စိုးရိမ်ပူပန်နေသောမျက်နှာ။
သူက ရှောင်းကျန့်မျက်နှာရှိ ချွေးသီးချွေးပေါက်များကို လက်နှင့် အသာအယာ သုတ်ပေးနေခဲ့သည်။

"ရှင်!!!!!!!လာပါပီ"

အဆောင်တံခါးအား ဖွင့်၍ ၀ူးခနဲနေအောင် ပြေး၀င်လာသည့်မျန်မျန့်က တာဝေးအပြေးသမားတစ်ဦးနှယ်။

"ကျစ်!အသံနဲနဲတိုး
ရေနွေးခြမ်းယူလာခဲ့!"

အော်....ခုနက သူ့အော်ခေါ်သံကြီးကကျ မကျယ်ဘူးဆိုတော့။
မကျေနပ်ချက်များအား တံတွေးနှင့်အတူ ပြန်မျိုချနေရသည့်မျန်မျန့်။

"ဟုတ်"

အိပ်ဆောင်အပြင်သို့ လှစ်ခနဲပြေးထွက်ကာ စားပွဲပေါ်ရှိ ရေနွေးကြမ်းအိုးနှင့် ရေနွေးပန်းကန်ပါသည့် လင်ဗန်းကြီးအား မ;ကာ ယူလာပေး၏။

"ရေနွေးခြမ်း ရပါပြီ
မိဖုရား ဘာများဖြစ်လို့ပါလဲ
ကျွန်တော်မျိုးမ သမားတော်ခေါ်ပေးရ....!"

"မလ်ိုဘူးအခု သွားလို့ရပြီ!!"

"အဲ....ဟုတ်ကဲ့"

သူမလေးက အရိုအသေပေးကာထွက်သွားပြီး အိပ်ခန်းတံခါးအား စေ့ပိတ်သွားခဲ့သေးသည်။

"babe....မျက်နှာတစ်ပြင်လုံးလည်း
ချွေးတွေချည်းပဲ....ခမည်းတော်နဲ့မယ်တော်ကိုသတိရလို့လား"

"အိမ်မက်ထဲမှာလေ....မားနဲ့ပါးအသံကြားတယ်
သူတို့က ငါ့ဆီလာမယ်တဲ့...ဒါပေမဲ့မလာဘူး
ဘာမှလဲ ရှင်းရှင်းလင်းလင်း မမြင်ရဘူး"

ရိပေါ် ရှောင်ကျန့်နှဖူးမှ ထပ် ထွက်လာသော ချွေးတွေကို အင်္ကျီလက်မှဖျင်စဖြင့် သုတ်ပေးကာ ပြောသမျှကိုသေချာနားထောင်နေသည်။

"ရိပေါ်...မင်းပြောကြည့်
မားတို့ ငါ့ဆီလာမှာပါနော်"

"အင်း အင်း...သူတို့မကြာခင်လာတော့မှာပါ
စိတ်မပူနဲ့တော့နော်...အာ..ရေသောက်လိုက်အုံး"

ရေခွက်ကိုကိုင်၍ မော့သောက်နေသည့် ရှောင်ကျန့်ကို ရိပေါ်က အချိန်အတော်ကြာအောင် အသဲယားစွာ စိုက်ကြည့်နေ၏။
ရေမျိုချလိုက်တိုင်း လှုပ်ခတ်သွားသော ရှောင်ကျန့်၏ လည်စိသေးသေးလေးကို ကြည့်မနေနိုင်တော့ဘဲ  စုပ်နမ်းလိုက်ကာသွားဖြင့်လည်း ကိုက်လိုက်ပါသေးသည်။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now