PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း

34.3K 875 32
                                    

အလျင်စလို သိမ်းမိသလို ဖြစ်သွားတဲ့ ဇာတ်သိမ်းကို ပြန်လည် ပြင်ဆင်ထားခြင်းပါဗျ နောက်ထပ်တစ်ပိုင်းထပ်တိုးသွားပါမယ် (၄.၁၀.၂၃)


Unicode

ဆေးရုံ အဆောက်အအုံကြီးအတွင်းသို့ ရှေ့ဆင့်နောက်ဆင့်
ဝင်လာသည့် လူနာစင် နှစ်ခုထက်မှာ
မေ့မြောနေကြသည့် ခန္ခာကိုယ်နှစ်ခု။

" ခွဲစိတ်ဖို့အတွက် လူနာရှင် လက်မှတ်လိုတယ်၊ လူနာရှင်က ဘယ်သူလဲ "

" လူနာရှင်ရှိလား လူနာရှင်ရှိလား ခွဲစိတ်ဖို့အတွက် လူနာရှင် လက်မှတ်လိုနေတယ်"

ပြိုင်တူထွက်လာကြသည့် စကားသံနှစ်ခု။

ဖိုးသူတို့ မြေးအဖွား ခေါင်းခဲရတော့သည်။
နှစ်ယောက်လုံးရဲ့ လူနာရှင်တွေက ခွဲစိတ်ခန်းထဲက သူတို့နှစ်ယောက်ကိုယ်တိုင် ဖြစ်နေသည်လေ။

ထိုစဉ်

" သူတို့နှစ်ယောက်ရဲ့ မိဘတွေပါ "

" နှစ်ယောက်လုံးလား "

" ဟုတ်ပါတယ် "

" ဒါဆို ဒီဘက်ကို တစ်ယောက်လာပေးပါ "

တစ်နာရီခွဲမျှ ကြာပြီးနောက် ထိခိုက်မှုနည်းသည့် မြေ့နင်းခ ခွဲခန်းထဲမှ ထွက်လာသည်။ ထိုအခါမှ သူ၏ မိဘနှစ်ပါးလုံး စိတ်လျှော့နိုင်တော့သည်။ သို့သော်လည်း မိုးမိရက်ခတစ်ယောက်ကျန်နေသေးသည်။

" ဒါဆို ကျွန်မတို့ လိုက်သွားပြီနော် "

" ဟုတ်ကဲ့ဟုတ်ကဲ့ "

ဒေါ်ရွှေ နားလည်ပါသည်။ မည်သူမဆို ကိုယ့်‌သွေးသားအရင်းကိုဘဲ ပိုဂရုစိုက်ကြမည်လေ။

ခွဲစိတ်မှု ကြာမြင့်ချိန် နောက်ထပ် နှစ်နာရီ ၊ သုံးနာရီ ၊ လေးနာရီ ၊ ငါးနာရီ...။ နောက်ဆုံးတော့ ခွဲခန်းထဲမှ ထွက်လာနိုင်ခဲ့ပြီ။

နည်းနည်းလေးဖြစ်ဖြစ် နောက်ကျပြီး ရောက်လာရင် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြစ်ပြီး ကိုမာဝင်သွားနိုင်သည်ဟု ဆရာဝန်ကြီးက ပြောသည်။

UM (Completed)Where stories live. Discover now