PART 26

15.2K 806 28
                                    

Unicode

မှန်ချထားသည့် ကားအတွင်းသို့ အေးစက်စက်လေများက

တဖြူးဖြူး ၀င်ရောက်တိုက်ခတ်နေသလို

အပြင်ဘက် မြင်ကွင်း၌လည်း ညအမှောင်က ကြီးစိုးနေလျက်။

မောင့်သဘောလို့ ပြောလိုက်သည့်အတွက်

ဒီလောက် ချမ်းအေးနေသည့် ဆောင်းတွင်းကြီးမှာ

ကမ်းခြေသို့ ခေါ်ချလာလေသည်။

ဖြစ်နိုင်ရင် သူက ပြည်ပတောင် ခေါ်သွားချင်တာဆိုပဲ။

ဒီကြားထဲ သွားခါနီးလာခါနီးမှ မောင့်အတွင်းရေးမှူးက

လှမ်းခေါ်၍ ကုမ္ပဏီကို ပြေးရသေးသည်။

ဘာလို့ဆို မောင်က အရေးတကြီးချိန်းထားသည့် အလုပ်ကိစ္စကို မေ့လျော့နေလေသည်တဲ့။

အဲ့အတွက် တစ်ရက်နောက်ဆုတ်ပြီးမှ ခရီးထွက်ရသည်။

အလုပ်များနေသည်ကို ကျေးဇူးတင်ရမည်ဟု ဆိုရမည်။

မဟုတ်ရင် ပြည်ပတစ်နေရာရာ ရောက်နေလောက်ပြီ။

တကယ်ဆို ကိုယ်က အေးဆေးသမား

သွားစရာရှိတာသွားမယ်၊ လုပ်စရာရှိတာလုပ်မယ်။

ပျော်ပွဲရွှင်ပွဲ‌တွေလည်း သိပ်သဘောမကျ။

မောင်ခေါ်ရင်တော့ လိုက်သွားပါသည်။

မောင်နဲ့သူနဲ့က အေးဆေးတာတစ်ခုတော့

တူတယ်ပြောရမည်။

အမှန်ဆို မောင်နဲ့သူက မလိုက်ဖက်သလို

မောင်ကလည်း သူ့ကို မ...။

" ခ ဘာ‌တွေ တွေးနေတာလဲ၊ မောင်တို့ ရောက်ပြီ "

" ဪ ရောက်တောင်ရောက်ပြီလား "

မောင်က ခေါင်းညိတ်ပြပြီး သူ့ကို တုံ့ပြန်သည်။

ဘေးဘီ၀ဲကြည့်လိုက်တော့ မောင်က ကမ်းခြေဘက်ကို

မောင်းလာခဲ့သည်ပဲ။

" မောင် Bungalow ကို တန်းမသွားဘူးလား "

" အွန်း မောင်နေရာမသိလို့ ၊

ခဏနေ luggage တွေ လာသယ်လိမ့်မယ်လို့ပြောတယ် ၊

ခဏစောင့်ကြတာပေါ့ "

UM (Completed)Where stories live. Discover now