PART 18

18.5K 963 4
                                    

Unicode

" သားတို့ရယ် လာမယ်ဆိုတာကို ကြိုဖုန်းမဆက်ဘူး "

" အန်တီ အံ့ဩသွားအောင်လို့ပါ "

" ညအိပ်ကြမှာလား သားတို့ "

အန်တီမေးတော့ ခက သူ့ကို 'ဘယ်လိုလဲ' ဆိုတဲ့ အမေးသဘောမျိုးဖြင့် ကြည့်လာသည်။

" ခ မင်းသဘောလေ အိပ်ချင်လား "

" အွန်း အဲ့တာဆို ဒီည အိပ်ပြီး မနက်ဖြန် ပြန်ကြမယ်လေ ၊ မင်းဖြစ်ရဲ့လား ရက်ခ "

" အွန်း ဖြစ်တယ်ခ လာမှတော့ အေးဆေးပေါ့ ၊
သန်ဘက်ခါမှဘဲ ပြန်ကြမယ်လေ "

" အဲ့တာဆိုလည်း ကိုယ်လက်ဆေးပြီး အ၀တ်အစားသွားလဲကြ ၊ ပြီးရင် နေ့ခင်းဘက် တစ်ရေးတစ်မောလောက်
အိပ်လိုက်ကြဦး "

" ဟုတ် အန်တီ "

" ဒါဆို သားတို့ အပေါ် တက်တော့မယ်နော် မေမေ "

" အေးအေး သား "

မေမေတို့ဆီ လာတိုင်း အိပ်နေကျ အခန်း၊
သူအရင်ကသုံးသည့် အခန်းထဲရောက်တော့။

" ခ မင်းအရင်ချိုးမလား ဒါမှမဟုတ် ငါပဲ အရင် ချိုးလိုက်ရမလား "

" မင်းအရင် ချိုးလိုက်လေ ငါ ခဏ နားလိုက်ဦးမယ် ရက်ခ "

ရေချိုးခန်းထဲ ၀င်သွားသည်နှင့်တစ်ပြိုင်နက်
အောက်ထပ်ကို ပြန်ဆင်းလာလိုက်ပြီး အပြင်ထွက်ဖို့ လုပ်တော့ ခြံထဲမှာရှိနေသည့် မေမေက အမေးဆိုလာသည်။

" သားငယ် ဘယ်သွားမလို့လဲ "

" လမ်းထိပ်ခဏ မေမေ ၊ သား၀ယ်စရာလေးရှိလို့ "

" ဪ အရမ်းမကြာနဲ့ ဖုန်းယူသွားနော် မေမေ စိတ်မချလို့
အဲ့ဘက်မှာ ခွေးတွေ တအားဆွဲနေတာ "

မြေ့နင်းခ ဖုန်းယူသွားလည်း ဘာမှ မထူးပေ။
သူ့ဖုန်းက ကဒ်မရှိသည့် အလွတ်သာသာပင်ဖြစ်သည်။
သို့ပေမယ့် မြေ့နင်းခ စကားတစ်ခွန်းအား ထုတ်ပြောလိုက်သည်။

" သားကဒ်ကို ရက်ခ ယူသုံးနေတာ အမေ "

သူပြန်လာတော့ မောင်က ရေချိုးပြီးလို့
မေမေနဲ့တောင် ခြံထဲမှာ စကားလက်ဆုံကျနေသေးသည်။

UM (Completed)Where stories live. Discover now