Unicode
ညကိုးနာရီ။
သူ နိုးလာတော့ ဆေးရုံခန်းထဲ ထပ်ရောက်နေပြန်ပြီ။
မောင်က သူ့ဘေးတွင် ရှိနေသည်။
နှိုးဖို့ ကြံရွယ်ပြီးကာမှ လက်ကို ပြန်ရုတ်လိုက်သည်။
ပြီးနောက် ထထိုင်လိုက်သည်။
နေ့လည်က မြင်ကွင်းက မျက်လုံးထဲ ပြန်ရောက်လာပြီးနောက်မှာ ဖြစ်နိုင်ချေ ရှိတာရော မရှိတာတွေရော အကုန် တွေးမိကုန်သည်။
သူ့စိတ်အခြေအနေတွေ ပုံမှန် မဟုတ်တော့ဘူး။
အရင်လို သူ ခေါင်းချလိုက်တာနဲ့ အိပ်မပျော်တော့ဘူး။
ဒါဘာလဲ။ သူ့ရောဂါ အခြေအနေက ပိုဆိုးရွားလာတာလား။
အရင်တုန်းက ဆေးပုံမှန်မသောက်တာတွေက ခုမှ စုဖြစ်ကုန်တာလား။ ဘာတွေလဲ...သူ့ဘာသူတောင် ဘာဖြစ်နေမှန်း မသိတော့ဘူး။ ခြေထောက်ကိုကွေးပြီး ဒူးကို လက်ဖြင့် ပိုက်ထားလိုက်သည်။ ခြေတွေလက်တွေက တုန်ယင်နေသည်။ စိတ်ငြိမ်ဖို့အတွက် ဆေးသောက်မှ ဖြစ်မည်။ သို့သော် ဆေးရုံမှာဖြစ်နေသည့်အတွက် ရွေးချယ်စရာက ပြန်အိပ်ဖို့ဘ ရှိသည်။
စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ထားနေရသည်။
ချွေးသီးချွေးပေါက်တွေကလည်း နဖူးပြင်ထက် နေရာယူနေကြသည့်ကြားက ပြန်လှဲလိုက်ပြီး စောင်ကို ခေါင်းမြှီးခြုံလိုက်သည်။ သူ ချမ်းနေပြန်သည်။
အပြင်ဘက်၌ ညအမှောင်က ကြီးစိုးနေသည်။
အချိန်ကိုကြည့်တော့ ဆယ့်တစ်နာရီ။
ခ မနိုးသေးတာလား။
" ခ..."
နားနားကပ်ပြီး တိုးညင်းစွာ ခေါ်ကြည့်လိုက်သည်။
နည်းနည်း လှုပ်လှုပ်ရွရွဖြစ်သွားသည်။
နိုးလာပြီး ပြန်အိပ်သွားတာထင်သည်။
ထို့ကြောင့် ထပ်မနှိုးကြည့်တော့ပါ။
ဒီတစ်ခေါက် project အသစ်သည် ရွေးချယ်ခံရလျှင် ကုမ္ပဏီ အတွက် တက်လမ်း အကြီးကြီးရှိသည်။ ထို့ကြောင့် ခကို ဆေးရုံမှာ တစ်ယောက်တည်း ထားခဲ့ရသည်။ ဖိုးသူကတော့ ဆေးရုံစောင့်ပေးရန်အတွက် ကြီးရွှေထည့်ပေးလိုက်သည့် အစားအသောက်များနှင့်အတူ မနက်က ပြန်ရောက်လာပါသည်။ သူကုမ္ပဏီရောက်သည်အထိ ဖုန်းဆက်ကြည့်တော့ မနိုးသေးပါတဲ့။ နဂိုတည်းက ရောဂါအခံကြောင့် အရမ်း အိပ်သည်မလား။
أنت تقرأ
UM (Completed)
عشوائيWarning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 months , 2 weeks and 1 day. Unforgettable memories [မေ့ဖျောက်ချင်မိ] မိုးမိရက်ခ×မြေ့နင်းခ ( Married) လူန...