PART 6

18.7K 1.1K 34
                                    

Unicode

" ကြီးရွှေ ဟိုတစ်ယောက်က မနက်စာ ဆင်းမစားဘူးလား "

ဒီနေ့ကျမှ ဘာရယ်မဟုတ် မေးလိုက်မိခြင်းဖြစ်သည်။

" သွားခေါ် ပေးရမလား သား "

" ရတယ် နေနေ "

ညက သူ လက်လွန်သွားမှန်း သိတာကြောင့်လည်း
မေးမိခြင်းဖြစ်သည်။
ထားပါ သူ့ဘာသူ ဖျားရုံမကလို့ သေဘဲသေသွားပါစေ
ကိုယ့်ကိစ္စမှ မဟုတ်ပဲ။

" သား တော်ပြီလား "

" ဟုတ် ကြီးရွှေ "

" နည်းနည်းလေးပဲ စားတယ် ကြည့်ဦး "

" ကျွန်တော် စားချင်စိတ်မရှိလို့ "

ထို့နောက် ဖိုးသူကို လှမ်းခေါ်လိုက်သည်။

" ဖိုးသူ...ဖိုးသူ..."

" ဗျာ အကိုလေး "

" သူ အပြင် ထွက်ရင် လိုက်သွား ကြားလား
မသွားအောင် တားနိုင်ရင် အကောင်းဆုံးပဲ "

သူမှာနေသည်ကို ကြီးရွှေက မျက်လုံးလေး ကလယ်ကလယ်ဖြင့် သေချာ နားထောင်နေသည်။

" ဟုတ်ကဲ့ အစ်ကိုလေး "

" ဘာရပ်လုပ်နေသေးတာလဲ ကားသွားထုတ်လေ "

နေ့လည် 11 နာရီ။

" ဖိုးသူရေ နင့်အကိုလေးခကို သွားမေးပါဦး
တစ်ခုခု စားမလား လုပ်ပေးရမလားလို့ "

" မခေါ်ချင်ပါဘူး ဖွားရယ်၊ အစ်ကိုလေးခကို ကြောက်တယ်
သူ့ ကို စကားသွားပြောရင် ကြိုက်တဲ့သူမှ မဟုတ်တာကို၊
ပန်းချီဆွဲနေလို့ ဆင်းမစားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊
အိပ်နေတာလည်း ဖြစ်နိုင်တာပဲ
မြေးတော့ သွားမခေါ်ပေးဘူးနော် "

" ဟုတ်ပါပြီရှင် ကျုပ်ပဲ သွားခေါ်လိုက်ပါတော့မယ် "

ဒေါက်...ဒေါက်... ဒေါက်...

" သားခ-ရေ...သားခ... "

ချလောက် !

ပြန်မထူးသည့်အပြင် တံခါးလည်း လော့ခ် မချထား၍
ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

" ကြီးရွှေ ၀င်ခဲ့ပြီနော် သား "

ထို့နောက် မြင်လိုက်ရသည်ကတော့
ဒေါ်ရွှေအဖို့ ရင်တုန်စရာပေ။

UM (Completed)Where stories live. Discover now