PART 25

16K 828 2
                                    

Unicode

ခကို အိမ်ပြန်ပို့ပေးပြီးတော့ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

ခစကားနားထောင်ပြီး အလုပ်သွားရန်တော့ မဟုတ်။

ဆေးရုံသို့ အမြန် သုတ်ခြေတင်ရန်သာ ဖြစ်သည်။ 

မနက်က ဆေးရုံ၀င်ပေါက်နားတွင် ခဖြစ်ပျက်နေပုံကို 

သိပ်မသင်္ကာ၍ အနောက်က လိုက်သွားကြည့်တော့ 

တစ်စွန်းတစ်စ ကြားခဲ့သည်များက 

ဒီနေ့ ဆေးရုံရက်ချိန်းဆိုလားပဲ။ 

ဒေါက်တာမှိုင်းဆိုသည့် နာမည်ကိုလည်း 

ကြားလိုက်ရသေးသည်။

ရုပ်ကို မမြင်လိုက်ရတော့ နာမည်ပဲ မေးရှာရမည်။

ထင်သည့်အတိုင်းပင် သူဆေးရုံထဲ ရောက်ပြီး 

မကြာခင်မှာပဲ ခက ရှေ့ဆင့်နောက်ဆင့် ရောက်ချလာသည်။

တော်သေးတာက ခက 

ကိုယ်တိုင် ကားမမောင်းသည့်အတွက် ကားပါကင်သို့ ရောက်စရာ အကြောင်းမရှိ။

ထို့ကြောင့် ကားပါကင်ရှိ သူ့ကားကို မြင်စရာ အကြောင်းမရှိ။

လူကတော့ ခ မမြင်အောင် လူနာစောင့်နေရာရှိ လူအုပ်ကြားတွင် ပုန်းကွယ်နေလိုက်ရသည်။ 

၃၅မိနစ်လောက်နေတော့ ခအပြင်ကို ပြန်ထွက်သွားသည်။

ပြန်၀င်လာမ၀င်လာကို သေချာစောင့်ကြည့်ပြီးတော့မှ 

ဆေးပေးကောင်တာဆီသို့ အလျှောက်....။

" ကိုမိုးမိရက်ခ! "

ခေါ်သံပိုင်ရှင်ကို ကြည့်လိုက်တော့ မျက်နှာကို 

ရင်းနှီးသလိုလိုရှိပေမယ့် လူကို မသိဖြစ်နေတုန်းမှာဘဲ

သူတို့က ကိုယ့်ဆီ လျှောက်လှမ်းလာကြသည်။

" ကိုမိုးမိရက်ခ လူနာလာကြည့်တာလား "

သူက ကိုယ့်ကို စကားပြောနေပေမယ့် 

ကိုယ်ကတော့ သူ့ကိုမသိ၍ ခက်။ 

ခအသိတစ်ယောက် ဖြစ်ပုံရသည့်အတွက် အလိုက်သင့်တော့ ပြန်ပြောပေးမည်အလုပ် သူ့ဘေးကလူနှင့်ပါ ကိုယ့်ကို 

UM (Completed)Where stories live. Discover now