PART 40

14.2K 650 14
                                    

Unicode

' အရင်တုန်းက မောင့်ဆီက စွန့်ပစ်ခြင်းကို မခံရဖို့

အကြိမ်ကြိမ်‌ တောင်းဆိုခဲ့ဖူးတာက ငါပါ မောင်။

ငါထွက်သွားမယ့်ချိန်ကျရင်တော့

တစ်ခါတည်း အပြီးပိုင် ထွက်သွားပါ့မယ် '

နေ့လည် ၁၁နာရီ။

" ခင်ဗျားလူက လာရော လာဦးမှာလား "

" ခဏဘဲ ထပ်စောင့်ကြည့်ပေးပါ "

" ဟော ဆိုင်ထဲ ဝင်လာပြီ ဝင်လာပြီ ၊ ဖုန်းချလိုက်တော့မယ် ၊ ပြီးတာနဲ့ ပုံပို့ပေးလိုက်မယ် "

အကြံအစည်ပျက်တော့မည်ကို တွေးပူနေခဲ့တာ။

သားတော်မောင်ရောက်လာ၍ တော်သေးသည်။

" ကျွန်တော် တစ်နာရီလောက်ဘဲ အချိန်ရမယ်ဗျ ၊ နေ့လည်ကျ appointment တစ်ခုသွားစရာရှိတယ် "

" မင်းက လုပ်ငန်းရှင်ဆိုတာ မေ့သွားတယ် ဆောရီး ဆောရီး "

နာရီဝက်မျှကြာပြီးနောက်။

" နောက်ကျ အေးဆေးထပ်ဆုံလို့ရမလား ၊ မ သိချင်တာလေး‌တွေ ရှိသေးတယ် ၊ မင်းအမျိုးသားကိုပါ ခေါ်ခဲ့လေ နောက်တစ်ခါကျ "

စေ့စပ်တာဖျက်သိမ်းထားတဲ့ ကိစ္စ ခကို ခုထိ မပြောပြရသေးဘူး။ ပြီးတော့ ဆေးကိစ္စလည်း ရှိသေးသည်။

" လာလက်စနဲ့ မကို တစ်ခုလောက် ကူညီပါလား "

လက်ဝတ်ရတနာဆိုင်ထဲဝယ်။

သူမ ဖခင်ဖြစ်သူမွေးနေ့အတွက် လက်ဆောင်ရွေးပေးရခြင်းဖြစ်သည်။

" နာရီကျတော့ ဖေဖေက မကြိုက်ဘူး ၊ ဒါပေမယ့် ဖေဖေက လူငယ်တော့ နည်းနည်းဆန်တယ်လို့ ပြောလို့ရတယ် "

" ဒီဆိုင်ထဲက ဘာဝင်လုပ်တာလဲ "

" လက်စွပ်ဝယ်ပေးရင် ကောင်းမလားလို့ ၊ အာ ဟုတ်ပြီ couple ဝတ်ရမယ် "

" ကောင်းသားပဲ "

ဆယ်မိနစ်မျှကြာပြီးနောက်။

" ဒါလေးလှတယ်နော် "

သူမ လက်ကို ထောင်ပြီး လှုပ်ပြသည်။

UM (Completed)Where stories live. Discover now