PART 29

13.1K 697 16
                                    

Unicode

" ခရေ... ဘာလုပ်နေလဲ "

ရေချိုးပြီး ထွက်လာတော့ အခန်းထဲတွင် မရှိသည့် ခအား
စောနကလိုဘဲ ဧည့်ခန်းထဲတွင်ရှိမည်အထင်နှင့် ထွက်ကြည့်သော်လည်း မတွေ့။ မီးဖိုခန်းထဲ ၀င်ကြည့်ပြန်သော်လည်း မရှိ။
ခြံ၀န်းထဲ ဆင်းကြည့်တော့လည်း မ‌တွေ့ချေ။

မနက်က အိပ်မက်က သူ့ကို စတင် ဆော်သြနေပြီလေ။
စိုးရိမ်စိတ်တို့က တစ်စတစ်စကြီးထွားလျက် သူငယ်အိမ်ကအစ မငြိမ်မသက်ဖြစ်ကာ မျက်နှာမူရာ ရှေ့တည့်တည့်မှ ပင်လယ်ကမ်းစပ်ဆီသို့...။

" မောင့် "

ကျောခိုင်းထားမိသည့်နောက်မှ ခရဲ့ ခေါ်သံလေး။
ခါးလောက်သာရှိသည့် ခြံတံခါးကို ဖွင့်ပြီး ၀င်လာသူလေးကပြုံးရွှင်လို့။ တစ်ခုခုကို သဘောတွေ့လာဟန်တူသည်။

" မောင် ဘယ်လိုလုပ် အင်္ကျီကျွတ်ကြီးဖြစ်နေတာလဲ "

" ခ ဘယ်‌တွေ သွားနေတာလဲ "

မောင်က မေးနေသည်ကို အာရုံမလာပေ။

" ငါပျင်းလို့အပြင်ခဏထွက်တာလေ မောင် "

" ဘာလို့ မောင့်ကို မပြောသွားတာလဲခ ၊ မောင်စိတ်ပူနေတာ "

" စိတ်ပူစရာလား မောင်ရယ် ၊ ငါက ကလေးလည်း မဟုတ်ဘူး "

" မောင်လေး ဒီမှာနေတာလား "

မောင် သူ့ကို ပြန်ပြောဖို့ နှုတ်ဟရုံရှိသေး
ခြံပြင်ကနေ အမေးပြုသံတစ်ခုထွက်လာသည်။

" အာ ဟုတ်တယ် အစ်မ "

စကားပြောနေရင်းနှင့် မောင့်ကိုလည်း လှည့်ကြည့်လှည့်ကြည့်လုပ်ရသေးသည်။

" ဟုတ်ပြီဟုတ်ပြီ ၊ အစ်မညစာသွားစားတော့မယ် ခွင့်ပြုပါဦး "

အတန်ကြာတော့ စကားပြောခန်း ပြီးဆုံးသွားလေသည်။
မောင်ကတော့ စောနက နေရာမှာဘဲ ပုံစံမပျက် လက်ပိုက်ပြီး
ရပ်ကြည့်နေလေသည်။

" ခ  အဲ့မိန်းမက ဘယ်သူလဲ "

" ခုနက ငါအပြင်ခဏ ထွက်တာလေ "

" အွန်း "

'ဆက်ပြော သူနားထောင်နေတယ်' ဆိုသည့်ပုံစံ။

UM (Completed)Where stories live. Discover now