PART 16

18.6K 1K 28
                                    

Unicode

ယနေ့ တွေ့ရမည့် Client မှာ သိပ်ကို အရေးပါသည်။
ထို့အပြင် အရေးတကြီးလူနဲ့ ပေးတွေ့ပေးချင်သည်ဆို၍
ချိန်းသည့် နေရာကို ကိုယ်တိုင် လာလိုက်ခြင်းဖြစ်သည်။

" ဒီကို ကိုယ်တိုင် လာခိုင်းလိုက်ရတဲ့အတွက် စိတ်မရှိပါနဲ့ "

ချိန်းသည့် နေရာက တစ်ခြားတော့မဟုတ်။
သူ ကိုယ်တိုင် စီစဥ်ပေးထားသည့် ROYAL PARK HOTEL တွင်ဖြစ်သည်။ ကိုယ် ပိုင်သည့် hotel တွေ villa တွေ မြောက်များစွာ ရှိပေမယ့်လည်း Client က ဒီမှာသာ တည်းချင်သည်ဆို၍ စီစဉ်ပေးလိုက်ရခြင်းဖြစ်သည်။

အလုပ်ကိစ္စ ပြောပြီးနောက် သူ့ကို တွေ့ချင်နေသည့် လူတစ်ယောက် ရှိသည်ဟု ဆိုလာသည်။ သူရောက်ကတည်းက Bathroom ထဲတွင် လူတစ်ယောက် ရှိနေသည်ကိုတော့ သတိထားမိသည်။ ရေကျသံ ကြားနေရသည်လေ။

" ခဏစောင့်နော် ကိုယ် သွားပြောလိုက်ဦးမယ် ၊
ကိုယ့် ဘေဘီက bathroom ၀င်ရင် ကြာတတ်လို့ ၊
ခု ကိုရက်ခ ရောက်နေပြီဆိုတာတောင် သိမယ့်ပုံ မပေါ်ဘူး "

သူ့ကို တွေ့ချင်နေသည့် လူဆိုပဲ။ ဘယ်သူပါလိမ့်။

သွားခေါ်ဖို့ လုပ်ရန် ထတော့ သူတို့ဆီကို bathrobe ၀တ်ထားတဲ့လူတစ်ယောက် လျှောက်လှမ်းလာသည်။

" ညီ "

ရင်းနှီးနေသည့် အသံနှင့်အတူ မှတ်ဉာဏ်တွေထဲက လူတစ်ယောက်။

" ဘေဘီ ဒီမှာ ဘေဘီတွေ့ချင်တဲ့လူ "

" အွန်း ဟန်နီ ရေချိုးတာ နည်းနည်းကြာသွားတယ် "

" အွန်းပါ "

ထို့နောက် သူ့ရှေ့တွင် အနမ်းတစ်ပွင့်ကို ခြွေလိုက်ကြသည်။

ဟန်နီဆိုသူ ထိုင်သွားသည့် ခုံတွင် ဇေယျတုက ၀င်ထိုင်လိုက်သည်။

" ဟန်နီ ခဏလောက် ရှောင်ပေးနိုင်မလား "

" ၀ှိုင်း ဘာအတွက်လဲ ဘေဘီ ကိုယ်အကုန်သိပြီးသားလေ "

" Honey , u should have good manner "

" အိုခေ အိုခေ နားလည်ပြီ ကိုယ်ထွက်သွားပေးမယ် "

ထို့နောက်...။

" ညီ ကိုယ် မင်းနဲ့ ဆုံချင်နေခဲ့တာ ကြာပြီ "

UM (Completed)Where stories live. Discover now